MNP - ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ် ၊ နတ်ချောင်းရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီ ၁၀ ရက်) နံနက် ၁၀ နာရီ အချိန်က အမျိုးသားတစ်ဦးတိုက်ပေါ်မှခုန်ချ၍ မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
သေဆုံးသူသည် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် ပုညဝဎုနလမ်း အိမ်အမှတ်(၂၇)၊၈လွှာ တွင် နေထိုင်သူ ဦးခင်မောင်မြင့် ဆိုသူဖြစ်ကြောင်းသိရသည်။
ထိုသို့ တိုက်ပေါ်မှ ခုန်ချရခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများမှ စစ်ဆေးလျက်ရှိပြီး သေဆုံးသူ၏ မိတ်ဆွေတစ်ဦးမှ လူမှုကွန်ရက်တွင် မိသားစု အတွင်း(Depression)ဝင်ပြီး တိုက်ပေါ်ကခုန်ချခြင်းဖြစ်ကြောင်း မှတ်ချက်ပြုရေးသားထားသည်။
အလားတူ အဆိုပါ လမ်းအတွင်း နေထိုင်သူတစ်ဦးက "လင်မယားချင်း ရန်ဖြစ်ပြီး ခုန်ချလိုက်ရမလား ပြောနေတုန်း အောက်ကိုပြုတ်ကျသွားတာ။ အောက်က ကားမှန်များကွဲတယ်။ အခုတော့ Dead body သယ်သွားပါပြီ။" ဟု ဆိုသည်။
ဖြစ်စဉ်နှင့်ပက်သက်ပြီး ရဲတပ်ဖွဲ့မှအမှုဖွင့်ထားကြောင်း လည်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment