MNP ၊ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဦးနှောက်ကျေးရွာ၌ အစည်းအဝေးပြုလုပ်ရန်စုဝေးနေသည့် NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်အဖွဲ့ဝင်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ဖမ်းဆီးခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ထံမှ အလောင်း ၅ လောင်း၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်း ရမိခဲ့သည်။
ဖြစ်စဉ်မှာ ယနေနံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်အဖွဲ့ဝင် အင်အား ၅၀ ဦးခန့်သည် ဦးနှောက်ကျေးရွာ၌ အစည်းအဝေးပြုလုပ်ရန်စုဝေးနေ ကြောင်း ဆူပူအကြမ်းဖက်မှုကိုမလိုလားသည့် ကျေးရွာသားအချို့က ကျေးရွာ အနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်ဆက်သွယ်အကြောင်းကြား သတင်း ပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့လယ် ၁၂ နာရီခွဲခန့်တွင် အဆိုပါကျေးရွာ အတွင်းသို့ ဝင်ရောက်ဖမ်းဆီးစဉ် အကြမ်းဖက်သမားများနှင့် အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ အကြမ်းဖက်သမားများ ကျေးရွာ၏တောင်ဘက်သို့ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ရာ အကြမ်းဖက်သမား ၅ ဦးအား အသေဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ M4A1 သေနတ် ၁ လက်၊ MK 12 သေနတ် ၁ လက်၊ လက်လုပ်ခါးချိုး သေနတ် ၁၄ လက်၊ လက်လုပ်သေနတ်အတို ၃ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၆ လုံး၊ ကျည်မျိုးစုံ ၁၅၅ တောင့်၊ ကျည်အိမ် ၃ ခု ၊ လမ်းလျှောက်စကားပြောစက် ၂ လုံး၊ ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ Ford အမျိုးအစား မော်တော်ယာဉ် အမှတ်၊ 7 L /----- ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။
NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်အဖွဲ့ဝင်များအားအနေဖြင့် ကျေးရွာအချို့တွင်းဝင်ရောက်၍ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ပါဝင်ကြရန် သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment