MNP ၊ ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံသို့ လေကြောင်းမှ ရောက်ရှိလာသော အမေရိကန်နိုင်ငံသား နှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့်အပေါ် သတ်မှတ်နေရာတွင် ကုသမှုခံယူခြင်းမရှိဘဲ အမေရိကန် သံရုံးဝန်ထမ်းက လာရောက်ခေါ်ဆောင်သွားသည့်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးချက်ထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကုသမှုခံယူရန် အသိပေးခဲ့သော်လည်း အမေရိကန်သံရုံး ဝန်ထမ်းတစ်ဦးနှင့် အပေါင်းအပါများက မည်သည့်ခွင့်ပြုချက်မှ မပါရှိဘဲ ဟိုတယ်သို့ လာရောက်၍ ပိုးတွေ့သူ အမေရိကန်နိုင်ငံသား(၂)ဦးအား ၎င်းတို့၏ အစီအစဉ်ဖြင့် ကုသမည်ဆိုကာ ပြန်လည်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ အမေရိကန်သံရုံးဝန်ထမ်း၏ ဥပဒေနှင့် ဆန့်ကျင်သည့် ပြုမူဆောင်ရွက်မှုသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သဖြင့် တည်ဆဲဥပဒေများနှင့် လမ်းညွှန်ချက်များကို လိုက်နာရန် အကြမ်းဖက်အားပေး အမေရိကန်သံရုံးအား သတိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment