စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစား၀န်ထမ်းများအား ပင်စင် လစာများ ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစား၀န်ထမ်းများအား ပင်စင် လစာများ ထုတ်ပေး

 


MNP - ဇန်နဝါရီ    ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို ဇန်နဝါရီ(၂၁)ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အညီအငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်လစာများ ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ နှင့်အညီ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဘဏ်ရုံးအဝင်တွင် လက်ဆေးဘေစင်၊ လက်သန့်ဆေးရေများ၊ လက်ဆေး ဆပ်ပြာများထားရှိပေးခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှသာ ဘဏ်ရုံးအတွင်း ဝင်ရောက်စေခြင်း၊  တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာတွင် စီစဉ်ထားရှိပြီး အငြိမ်းစားဝန်ထမ်းများ  ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန် မြန်မာ့ စီးပွားရေး ဘဏ်တွင်အများသူငှာ ရုံးပိတ်ရက်မှအပ  ရုံးဖွင့်ချိန်များတွင်  ထုတ်ပေးလျက်ရှိပြီး ဇန်နဝါရီ (၂၁)ရက်နေ့မှ ဇန်နဝါရီ(၂၆)ရက်နေ့  အထိ အငြိမ်းစား ပင်စင် ဝန်ထမ်း(၇၇၈)ဦး အား ငွေကျပ်  (၈၂၁၃၈၀၅၅.၃၆)ကျပ်အား ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် လစာထုတ်ရက်မတိုင်မီအထိ နေ့စဉ် နံနက်(၇)နာရီမှ ညနေ(၃)နာရီထိ  လူစုလူဝေးမဖြစ်ပေါ်စေရန်  စနစ်တကျ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

သတင်း - ညိုညိုဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)