ဒမတ်စကတ်၊ ဇန်နဝါရီ ၂၆
လက်တလောရက်ပိုင်းတွင် အမေရိကန်စစ်တပ်သည် ထောင်ပြေးသူများကို ဖမ်းဆီးသည်ဟု အကြောင်းပြ၍ ဆီးရီးယားအရှေ့မြောက်ပိုင်း Hasakah ပြည်နယ်တွင် “ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှု”ပြုလုပ်ခဲ့ရာ စာသင်ကျောင်း၊ နေအိမ်နှင့် အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ဆီးရီးယားမီဒီယာက ဇန်နဝါရီ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
သတင်းထုတ်ပြန်ချက်အရ " IS "အစွန်းရောက်အဖွဲ့အစည်းက ဇန်နဝါရီ ၂၀ ရက်တွင် Hasakah မြို့ အကျဉ်းထောင်အပြင်ဘက်၌ ဗုံးပါရှိသော ကားတစ်စီးကို ဖောက်ခွဲကာ ထောင်တံခါးကို ဖျက်စီး၍ " IS "အကျဉ်းသားများကို ထွက်ပြေးလွတ်မြောက်ရန် ကူညီခဲ့ကြောင်း၊ လက်တလောရက်ပိုင်းတွင် အမေရိကန် နိုင်ငံ ၏ ထောက်ခံအားပေးမှု ကို ရရှိထားသည့် ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ နှင့် " IS "အစွန်းရောက်အဖွဲ့အစည်းက အကျဉ်းထောင်အနီးတွင် ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း၊ အမေရိကန်စစ်တပ်က ထောင်ပြေးသူများကို ဖမ်းဆီးသည်ဟု အကြောင်းပြ၍ အဆိုပါဒေသရှိ အရပ်သားအဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်များနှင့် စာသင်ကျောင်း အဆောက်အအုံများ ပျက်စီးခဲ့ပြီး ထောင်နှင့်ချီသော အရပ်သားများ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဆီးရီးယားမီဒီယာက ဖော်ပြခဲ့သည်။
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက Hasakah ပြည်နယ်တွင် အမေရိကန်စစ်တပ်၏ ရိုင်းစိုင်းသော စစ်ရေးလှုပ်ရှားမှုကို ရှုတ်ချကြောင်း ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သည် ၂၀၁၄ ခုနှစ် သြဂုတ်တွင် အီရတ်နိုင်ငံအတွင်းရှိ " IS "ကို ပစ်မှတ်ထားကာ လေကြောင်းမှ တိုက်ခိုက်မှုများ စတင်ခဲ့ကြောင်း၊ ထိုနှစ် စက်တင်ဘာတွင် အမေရိကန်သည် လေကြောင်းတိုက်ခိုက်မှု အတိုင်းအတာကို ဆီးရီးယားအထိ တိုးချဲ့ခဲ့ပြီး “ISIS” ဆန့်ကျင်တိုက်ဖျက်ရေး နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ဆီးရီးယား Kurds လက်နက်ကိုင် တပ်ဖွဲ့ ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့သည် အမေရိကန်နိုင်ငံဦးဆောင်သော နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့၏ ထောက်ခံအားပေးမှုဖြင့် ဆီးရီးယား နိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ပိုင်း တွင် IS အစွန်းရောက် အဖွဲ့အစည်း နှင့် အကြီးစား တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီး နယ်မြေ အမြောက်အများ သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရှိရသည်။
Ref - (ဆင်ဟွာ)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment