ဝက်လက်မြို့၌ ဒေခံပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကင်ဝေးစေရန်အတွက် ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုနှံပေးခြင်းနှင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများ ကာကွယ်ဆေး လာရောက် ထိုးနှံရန် အသိပညာပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝက်လက်မြို့၌ ဒေခံပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကင်ဝေးစေရန်အတွက် ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုနှံပေးခြင်းနှင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများ ကာကွယ်ဆေး လာရောက် ထိုးနှံရန် အသိပညာပေး

 


MNP - ဇန်နဝါရီ    ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် ရောဂါဖြစ်ပွားမှု လျှော့နည်းစေရန် အတွက်၊ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများ ဆေးလာရောက် ထိုးနှံရန် အသိပညာပေး ဆွေးနွေးခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ယမန်နေ့ နံနက် ၉ နာရီ အချိန်က ဘုရားကြီး စေတီတော်ဝင်းအတွင်း ကျင်းပပြုလုပ်သည်။

အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ  ပထမအကြိမ် ကာကွယ်ဆေး ထိုနှံထားသော ဒေသခံပြည်သူ ၅၀၀ ဦးကို ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြကြောင်း သိရသည်။

သတင်း - စိုးစိုးလှိုင်  

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)