ကျုံပျော်တွင် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်တွင် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက်

 


MNP - ဇန်နဝါရီ     ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်မှု မရှိစေရေး၊နယ်မြေ‌အေးချမ်းသာယာရေး အတွက် လုံခြုံရေးစစ်ဆေးမှုများကို ယနေ့ နံနက်က မြို့အဝင်/ အထွက် အင်းရဲလမ်းဆုံ၌ ပူး‌ပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့  ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  သက်ဆိုင်ရာဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူ များပူးပေါင်း၍ မြို့အဝင်/ အထွက် စစ်ဆေးရေးဂိတ်များ၌ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် များအတွင်း လက်နက်ခဲယမ်းနှင့် အန္တရာယ်ကျရောက်စေနိုင်သည့် ပစ္စည်းတစ်စုံတစ်ရာပါရှိခြင်း ရှိ/ မရှိနှင့် လက်ကိုင်ဖုန်းများအတွင်း ဥပဒေနှင့် ငြိစွန်းသည့် အကြောင်းအရာများပါရှိခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဥပဒေထုတ်ပြန်ချက်များနှင့် ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များကို ပြည်သူများထံသို့   ဖြန့်ဝေပေးခဲ့ပြီး အဆိုပါလက်ကမ်းစာစောင်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ၊ရာဇသတ်ကြီးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေတို့တွင် ပါရှိသည့်အကြောင်းအရာများနှင့် ပြစ်မှုပြစ်ဒါဏ်များ ပါဝင်ကြောင်း သိရသည်။

သတင်း - လပြည့်ဦး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)