MNP - ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ စည်ပင်သာယာမြို့မဈေးအရှေ့နှင့် အနောက်ဘက်တို့တွင် အုတ်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းကို ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမ(၆)လပတ်၊ ခွင့်ပြုရန်ပုံငွေ(၇.၃)ကျပ်သန်းဖြင့် စည်ပင်သာယာမြို့မဈေးရှေ့ဘက်၌ ရေမြောင်းအရှည်(၁၂၆)ပေ၊ အကျယ် (၅)ပေခွဲ၊ အနက်(၃)ပေနှင့်ဈေးအနောက်ဘက်တွင် ခွင့်ပြုရန်ပုံငွေ(၇.ဝ)ကျပ်သန်းဖြင့် ရေမြောင်းအရှည် (၁၂၆)ပေ၊ အကျယ်(၃)ပေခွဲ၊ အနက်(၃)ပေတို့ကို ရေနုတ်မြောင်း တူဖော်ခြင်း၊ အုတ်စီခြင်း၊ ရေမြောင်းအဖုံး ပြုလုပ်ခြင်း လုပ်ငန်းများကို ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်၍ ဈေးဝယ်ပြည်သူများအတွက် သွားလာရေး အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း - စောဒိ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment