ဟိုင်းကြီးကျွန်းမြို့တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများဆောင်ရွက်

 



MNP - ဇန်နဝါရီ   ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် ဇီချိုင်ကျေးရွာအုပ်စုတွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ပမ္မဝတီသား ဆေးဝန်ထမ်းတပ်ဖွဲ့ပါရဂူများနှင့် ဆရာဝန်များမှ ယမန်နေ့ နေ့လယ်ပိုင်းက အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခမဲ့ ကျန်းမာရေးစစ်ဆေးကုသရေးအဖွဲ့သည် အမှတ်(၁)ရပ်ကွက်၊ အနှိုင်းမဲ့ဆည်းဆာ ကူညီမှု အသင်းတွင် (၁၂၉)ကြိမ်မြောက်အဖြစ် မိဘပြည်သူ (၅၁) ဦး၊ ဇီးချိုင်ကျေးရွာအုပ်စုရှိ ဂရုဏာတွဲလက် ပရဟိတဆေးခန်းတွင် (၂၅)ကြိမ်မြောက်အဖြစ် မိဘပြည်သူ (၃၀)ဦးအား လည်းကောင်း စုစုပေါင်း (၈၁)ဦးအား အခမဲ့ကုသိုလ်ပြု ဆေးကုသဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်း - နွေးနွေးအောင်ကြွယ်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)