အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် နိုင်ငံခြားသားခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် နိုင်ငံခြားသားခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 




MNP - ဇန်နဝါရီ    ၁၀

အင်းလေးကန် ရေရှည်တည်တံ့စေရေး၊ အင်းလေးဒေသတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ စည်ပင်သာယာရေး လုပ်ငန်းများဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၁) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်၏ အရေးပါသော အမွေအနှစ်တစ်ခု ရေရှည်တည်တံ့ စေရေးဆောင်ရွက်ရာတွင် ဌာနအလိုက် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ ဌာနဆိုင်ရာအချင်းချင်း အချိတ်အဆက်မိမိ လက်တွဲ ဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရန် စည်းရုံးဆောင်ရွက်ခြင်းများ ပိုမိုအားထည့်ရန် အကြံပြု တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်တွင်လည်း အင်းလေးကန်တည်တံ့စေရေးအတွက် လမ်းညွှန်မှာကြားချက်များကို ထည့်သွင်းပြောကြားလိုတာက အင်းလေးကန်၏ သယံဇာတများ တိမ်ကောမှု မရှိစေရေးအတွက် ရေဝေရေလဲဒေသများအား ထိန်းသိမ်းဆောင်ရွက်ရန်၊ အင်းလေးကန်အတွင်း ရေဝင်ရောက်လျက်ရှိသည့် အဓိကရေဝင်ပေါက် ချောင်းကြီး၊ ချောင်းငယ်များ မတိမ်ကောစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဒေသခံများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အပေါ်သက်ဆိုင်ရာဝန်ကြီးဌာနများက တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များအပေါ် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ကလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ပြောကြား သည်။  

ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးက အင်းလေးကန်နှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ‌ရေးဦးစီးဌာန၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဟိုတယ်နှင့် ခရီးသွားဦးစီးဌာနနှင့် ပြည်နယ်သမဝါယမဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများက အင်းလေးကန်နှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများကို အသီးသီးရှင်းလင်းကြပြီး အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက် ပြောကြား၍ နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

သတင်း - မောင်မောင်သန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)