မကွေးခရိုင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆု‌ပေးပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးခရိုင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆု‌ပေးပွဲအခမ်းအနားကျင်းပ

 


MNP -  ဇန်နဝါရီ    ၁၀

၂၀၂၂ခုနှစ်၊  မကွေးခရိုင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅)နှစ် အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆု‌ပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသက်(၂၅)နှစ်‌အောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲစဉ်အဖြစ် တောင်းတွင်းကြီး မြို့နယ်အသင်းနှင့် မြို့သစ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ တောင်းတွင်းကြီး မြို့နယ်အသင်းက အနိုင်ရရှိခဲ့ပြီး အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် တောင်းတွင်းကြီး မြို့နယ်အသင်းနှင့်မြို့သစ်မြို့နယ်အသင်းတို့မှ ယှဉ်ပြိုင် ကစားခဲ့ရာ တောင်တွင်းကြီးမြို့နယ်အသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၂ခုနှစ်၊  မကွေးခရိုင်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား (၆)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံး အမျိုးသား/အမျိုးသမီး အားကစား ဆုတံဆိပ်များနှင့် ငွေသားဆုများအား လည်းကောင်း၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသော မြို့သစ်မြို့နယ် အသင်းကို ကလပ်ဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲတွင် ပထမဆုရရှိသော တောင်တွင်းကြီး မြို့နယ်အသင်းအား ကလပ် ဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသော မြို့သစ်မြို့နယ်အသင်းအား ကလပ်ဆုနှင့် ငွေသားဆုများအား လည်းကောင်း၊ ပထမဆုရရှိသော တောင်းတွင်းကြီးမြို့နယ်အသင်းအား ကလပ်ဆုနှင့် ငွေသားဆုများအား မကွေးခရိုင်စီမံအုပ်ချူပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဆောင်းတင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးမျိုးသန့်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်း - ကိုစည်သူ

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)