MNP ၊ ဇန်နဝါရီ ၁၀
အောင်လံဦးစန္ဒိမာ၏ ဟောပြောမှုများအပေါ် ဓမ္မ အဓမ္မအဆုံးအဖြတ်ပေးရန် ၂၀၁၉ ခုနှစ်က စောဒနာတင်ခဲ့ရာ အမှုနှင့် ပတ်သက်၍ ဆရာတော်ကြီးများက မနက်ဖန် ၁၁ - ၁ - ၂၀၂၂ ရက်နေ့တွင် နေ့လည် (၂ ၀၀)နာရီတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
အောင်လံဦးစန္ဒိမာ၏ ဟောပြောမှုများနှင့် ပတ်သက်၍ စောဒနာတင်ခဲ့သည့် အဖွဲ့မှ ပုဂ္ဂိုလ်တစ်ဦးက " စောဒနာလုပ်ဖို့စတင်ခဲ့တာ ၂၀၁၉ ၊ ဇွန်လပိုင်းကတည်းကပါ၊ (စောတောင် စောနိုင်သေး) ဒီဇင်ဘာလမှ တရားဝင် တင်နိုင်ခဲ့တယ်။ ၂၀၂၀ မှာ နိုင်/သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၉) တရားဝင် ဖွဲ့စည်းကြောင်း သိခဲ့ရတယ်။ ယခု ၂၀၂၂ ဆုံးဖြတ်ချက်ချမယ်။ ဘာ နိုင်ငံရေးမှ မပါဘူး၊ ရောမချကြပါနဲ့။ လေလှိုင်းပေါ်က ဝိနည်းဓိုရ်အပေါင်းတို့လည်း ကြိုတင်မှန်းဆ အဖြေထုတ်ပေးနေကြလေရဲ့/ အဖွဲ့အမှတ်(၁၉)ထက် ပိုတတ် ပိုသိကြတဲ့ ဝိနည်းဓိုရ်တွေများလား ခဏတော့ စောင့်လိုက်ပါ အဖြေသိရတာပေါ့။ တချို့ စာသေချာ မဖတ်ဘူး အဖြေတန်းသိချင်ကြတယ်။ ၁၁ ရက်နေ့ ၁ လပိုင်း ၂၀၂၂ အင်္ဂါနေ့၊ နေ့လယ် ၂ နာရီမှာ ရုံးတော်မယ် ဆုံးဖြတ်ဖို့ စတင်မှာ ဖြစ်ပါတယ်။ အဲ့နေ့ ညနေ သို့မဟုတ် ညကြမှ အဖြေသိရပါ့မယ်။" ဟု ရေးသားဖော်ပြထားသည်။
အဆိုပါ စောဒနာမှုအပေါ် အောင်လံဦးစန္ဒိမာကလည်း သောဓနာလွှာတင်ထားပြီး ဖြစ်ကြောင်း သိရသည်။ ဦးစန္ဒိမာသည် သူ၏ ဒေသမှ ရှေးဟောင်းစေတီတော်ကြီးတစ်ဆူကို ဖြိုချဖျက်ဆီးခဲ့ပြီး ရှေးဟောင်းစေတီကြီးမှ အုတ်များကို လမ်းခင်းခဲ့သည့်အပေါ်တွင်လည်း မကျေနပ်ကြသည့် ဒေသခံများက တင်ပြတိုင်ကြားခဲ့ဖူးသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment