ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု သုံးသိန်းတစ်သောင်းကျော် ထိုးပေးနိုင်ပြီဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု သုံးသိန်းတစ်သောင်းကျော် ထိုးပေးနိုင်ပြီဖြစ်



MNP - ဇန်နဝါရီ    ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ (၃၁၀၉၁၁) ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်တွင် သတ်မှတ်စုရပ်(၁၂)နေရာ၊ ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ်နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်မှု (၈၈၅၃၀) ဦး၊ Sinopharm ဒုတိယအကြိမ် (၅၀၃၂၀) ဦး၊ Sinovac ပထမအကြိမ် (၃၇၃၀) ဦး၊ Sinovac ဒုတိယအကြိမ်ထိုးပေးနိုင်မှု (၃၂၅၄) ဦး၊ စုစုပေါင်း (၁၄၅၈၃၄) ဦး ထိုးနိုင်ပေးခဲ့ပြီဖြစ်ကာ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးပေးနိုင်မှု (၉၅၁၉၁)ဦး၊ ဒုတိယအကြိမ် Sinopharm ထိုးပေးနိုင်မှု (၆၀၂၄၇) ဦး၊ Sinovac ပထမအကြိမ်ထိုးပေးနိုင်မှု(၅၂၉၄) ဦး၊ Sinovac ဒုတိယအကြိမ် (၄၃၄၅)ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ပေါင်း (၁၆၅၀၇၇) ဦး ညောင်ဦး၊ ကျောက်ပန်း တောင်း ပေါင်း (၃၁၀၉၁၁) ဦး ထိုးပေးနိုင်ပြီဖြစ်ကြောင်း ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ဝေးလံသည့်ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။

သတင်း - ကိုထိန်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)