ပြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

 


MNP - ဇန်နဝါရီ   ၁၁

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ဗိုလ်ချုပ်လမ်းရှိ သီရိ‌ခေတ္တရာရတနာ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းနှင့် နေလယ်ပိုင်းတို့တွင်ပြည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံရန် ကျန်ရှိနေသေးသော ပြည်သူများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

ယနေ့ကာကွယ်ဆေး ထိုးနှံပေးရာတွင် ရဟန်းသံဃာများ၊ အစိုးရဝန်ထမ်းများ၊ အခြားဝင်ငွေ လုပ်ငန်းရှင်များနှင့် အလုပ်သမားများ၊ စားသောက်ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများသီရိခေတ္တရာ ရတနာ မြို့တော်ခန်းမတွင် လူဦးရေ(၈၀၀)ကို နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း နှစ်ပိုင်းခွဲ၍ ထိုးနှံပေးကြောင်း မြို့နယ် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ပြည်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးမှုဖြင့် ရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးများကို သတ်မှတ်ဦးတည်အုပ်စုအလိုက် ဆေးထိုးစုရပ်နေရာအသီးသီး၌  ဆက်လက်ထိုးနှံ ပေးသွားမှာ ဖြစ်ကြောင်းနှင့်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို  ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်း - ဦးမင်းမင်းစိုး 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)