MNP ၊ ဇန်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ သစ်ခွလမ်းရှိ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူထားသော မီးသတ်ယာဉ် (၁၁)စီးအား လွှဲပြောင်းတာဝန်ပေးအပ်ခြင်းနှင့် လေ့ကျင့်ရေးမျှော်စင် ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းမီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်းအင်အား (၆၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြား ရာတွင်၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနအတွက် ၂၀၁၅ ခုနှစ်မှစတင်ကာ တိုင်းဒေသကြီး ဘဏ္ဍာရံပုံငွေဖြင့် စတင်ဝယ်ယူဖြည့်ဆည်းပေးခဲ့ရာ ၂၀၂၁ ခုနှစ်အထိ မီးငြိမ်း သတ်ယာဉ် ၁၃ စီး၊ မီးသတ်ရေသယ်ယာဉ် ၁၀ စီး တို့ကို ဘဏ္ဍာရေးနှစ်အလိုက် ဝယ်ယူဖြည့် ဆည်းဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ နောင်လာမည့်နှစ်များမှာလည်း လိုအပ်သလို မီးသတ်ယာဉ်များ၊ မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများ ဝယ်ယူဖြည့်တင်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၁ ခုနှစ်အတွင်း တိုင်းဒေသကြီးအတွင်း ဈေးမီးလောင်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပါကြောင်း၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်းများ ဆောင်ရွက် သွားရန်အတွက် ယာဉ်နှင့်စက်ပစ္စည်းများကိုလည်း ဖြည့်တင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးက မီးသတ်ယာဉ်များ ဝယ်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့မှ မီးသတ်ယာဉ်များကို လွှဲပြောင်းပေးအပ်ခဲ့ကြပြီး ဟင်္သာတခရိုင် မီးသတ်ဌာနမှ မီးသတ်ဦးစီးမှူး ဦးစိုးနောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မီးသတ်ယာဉ်များအား လှည့်လည် ကြည့်ရှုကာ အမွှေးနံသာပတ်ဖျန်းခြင်းနှင့် မီးသတ်ယာဉ်များ၏ စက်စွမ်းရည် သရုပ်ပြသခြင်း၊ လေ့ကျင့်ရေး မျှော်စင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
သတင်း - မြင့်ဟန်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment