MNP - ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ RDT Test Kit ဖြင့်စစ်ဆေးပြီးသည့် ကိုဗစ်-၁၉ ရောဂါပိုးမရှိသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခန့် ကကျောက်တလုံးကြီးမြို့၊ ဒုံအုံးရပ်ကွက် အောင်ဓမ္မစေတီကုန်း၌ ကွင်းဆင်း ဆောင်ရွက်ပေးလျက်က်ရှိ ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ တိုက်နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ဝန်ထမ်းများက ကျောက်တလုံးကြီးမြို့ပေါ်ရပ်ကွက်ဖြစ်သော ဒုံအုံးရပ်ကွက်၊ နောင်လုံရပ်ကွက်၊ ထီလုံရပ်ကွက်၊ ကောင်ဝိန်းရပ်ကွက်၊ လင်းနားရပ်ကွက်၊ တပူရွေးရပ်ကွက်တို့မှ ပြည်သူများ၊ ပင်တွန်ကျေးရွာ အုပ်စုဖြစ်သော မဲတိုင်းကျေးရွာနှင့် ဖက်ပွမ်းကျေးရွာတို့မှ ပြည်သူများအား (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ RDT Test Kit ဖြင့်စစ်ဆေးပြီးသည့် ကိုဗစ်-၁၉ ရောဂါပိုးမရှိသူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ကွင်းဆင်းထိုးနှံရာတွင် ကျောက်တလုံးကြီးမြို့ရှိ ကျေးရွာအုပ်စုများတွင် ဇန်နဝါရီ(၅) ရက်နေ့မှ ဇန်နဝါရီ(၁၀)ရက်နေ့အထိ စုစုပေါင်း(၈၁၈)ဦးအား ထိုးနှံပေးခဲ့ကြောင်း ကျောက်တလုံးကြီးမြို့ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
သတင်း - မြဝင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment