MNP - ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ သစ်ခွလမ်းရှိ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူထားသော မီးသတ်ယာဉ်(၁၁)စီးအား လွှဲပြောင်းတာဝန်ပေးအပ်ခြင်းနှင့် လေ့ကျင့်ရေးမျှော်စင် ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းမီးသတ်ဦးစီးမှူး ဦးအောင်ဆွေ ဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်းအင်အား (၆၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင်၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန အတွက် ၂၀၁၅ ခုနှစ်မှစတင်ကာ တိုင်းဒေသကြီးဘဏ္ဍာရံပုံငွေဖြင့် စတင်ဝယ်ယူဖြည့်ဆည်းပေးခဲ့ရာ ၂၀၂၁ ခုနှစ်အထိ မီးငြိမ်း သတ်ယာဉ် ၁၃ စီး၊ မီးသတ်ရေသယ်ယာဉ် ၁၀ စီးတို့ကို ဘဏ္ဍာရေးနှစ်အလိုက် ဝယ်ယူဖြည့် ဆည်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ နောင်လာမည့်နှစ်များမှာ လည်းလိုအပ်သလို မီးသတ်ယာဉ်များ၊ မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများ ဝယ်ယူဖြည့်တင်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၁ ခုနှစ်အတွင်း တိုင်းဒေသကြီးအတွင်း ဈေးမီးလောင်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်းများ ဆောင်ရွက်သွားရန်အတွက် ယာဉ်နှင့်စက်ပစ္စည်းများကိုလည်း ဖြည့်တင်း ဆောင်ရွက်ပေ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးက မီးသတ်ယာဉ်များ ဝယ်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့မှ မီးသတ်ယာဉ်များကို လွှဲပြောင်းပေးအပ်ခဲ့ကြပြီး ဟင်္သာတခရိုင် မီးသတ်ဌာနမှ မီးသတ်ဦးစီးမှူး ဦးစိုးနောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည်မီးသတ်ယာဉ်များအား လှည့်လည်ကြည့်ရှုကာ အမွှေးနံသာပတ်ဖျန်းခြင်းနှင့် မီးသတ်ယာဉ်များ၏ စက်စွမ်းရည် သရုပ်ပြသခြင်း၊ လေ့ကျင့်ရေးမျှော်စင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
သတင်း - မြင့်ဟန်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment