MNP - ဇန်နဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး သူများကို မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဇရပ်ဆိပ်ကျေးရွာ ဘဝ အလင်းရောင်စာကြည့်တိုက်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေ မိဘပြည်သူများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
အလားတူ ယနေ့ နံနက်ပိုင်းတွင် မင်းထိန်ကျေးရွာ၊ ထမင်းမစားကျေးရွာ၊ ရှပ်ပုံ ကျေးရွာနှင့် ကြဲကျေးရွာရှိ သတ်မှတ်စုရပ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သတင်း - အေးအေးမော်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment