MNP ၊ ဇန်နဝါရီ ၉
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် နိုင်ငံခြားသား အမျိုးသားနှစ်ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးအား ယနေ့ (ဇန်နဝါရီ ၉ရက်)တွင် ပန်းလှိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကောင်းမှုဆောင်လူမှုရေးအသင်းမှ သိရသည်။
၎င်းတို့မှာ ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ ဟိုတယ်များ၌ ကွာရန်တင်းထားရှိနေစဉ် ဆေးစစ်ချက်အရ ရောဂါပိုးတွေ့ရှိ၍ ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။
မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၈ရက် ည၈နာရီအထိ ကိုဗစ်-၁၉ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၃၁,၉၂၅) ဦး ရှိပြီး (၅၀၉,၉၅၀) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိ၍ သေဆုံးသူစုစုပေါင်း (၁၉,၂၉၀) ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) နှင့် ပတ်သက်၍လည်း ရောဂါဖြစ်ပွားမှုများကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကာ ရောဂါ ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း၊ အသွားအလာကန့်သတ်၍ သီးသန့် ခွဲခြားထားရှိရာနေရာ (Quarantine Center) မ်ား၊ ကုသရေးစင်တာ (Treatment Center) များနှင့် အောက်စီဂျင်အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ခြင်း၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက် ခြင်းစသည့် လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
သတင်း - သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment