မန္တလေးစက်မှုဇုန်လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးစက်မှုဇုန်လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ



MNP ၊ ဇန်နဝါရီ ၉

မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးမြို့၊ Pullman Mandalay Mingalar Hotel သဇင်ခန်းမ၌ ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဘက်အတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူးတို့က ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ တို့မှ ဆောင်ရွက်ပေးမှုကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်းရှင်များက ကုန်သွယ်မှုဆိုင်ရာ ကိစ္စများ၊ လုပ်ခလစာငွေ ထုတ်ယူရရှိရေးကိစ္စရပ်များ၊ စက်ရုံများအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ဝယ်ယူနိုင်ရန် ငွေသားထုတ်ယူနိုင်ရေး ကိစ္စရပ်များ၊ ဘဏ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှု အခက်အခဲများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများ၊ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသော ကိစ္စနှင့်ပတ်သက်၍ သိလိုသည်များကို လွတ်လပ်ပွင့်လင်းစွာ မေးမြန်းခဲ့မှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများနှင့် ပတ်သက်၍ အခက်အခဲများ ဖြစ်ပေါ်ပါက ဗဟိုကော်မတီ တယ်လီဖုန်းအမှတ် ၀၆၇ - ၄၀၉၆၇၁ ၊ ၀၆၇ - ၄၀၉၆၇၂ နှင့် လုပ်ငန်း ကော်မတီ တယ်လီဖုန်းအမှတ် ၀၉ -၆၆၄၀၇၅၆၈၃ ၊ ၀၉ -၆၆၄၅၉၆၃၂၇ များသို့ ဆက်သွယ်နိုင်ကြောင်း ပြောကြားသည်။

ထို့နောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က နိဂုံးချုပ်စကား ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မန္တလေး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးရှိ လုပ်ငန်းရှင်များ၊ စက်ရုံအလုပ်ရုံများနှင့် ကုမ္ပဏီ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)