ဒဂုံမြို့သစ်မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး





MNP ၊ ဇန်နဝါရီ ၉

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၂၇)ရပ်ကွက်၊ Sport Complex အတွင်း ဘဲတန်းချောင်း၏ ကောက်ကွေ့သည့် ချောင်းလမ်းကြောင်း တစ်ဖြောင့်တည်းဖြစ်စေရန် တူးဖော်ဖောက်လုပ် ပြီးစီးသဖြင့် Excavator ယန္တရားယာဉ်ဖြင့် ချောင်းကမ်းနံရံများ မြေညှိနေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့အငှား အိမ်ရာ စီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်၍ အိမ်ရာတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ပြည်သူ့အငှား အိမ်ရာစီမံကိန်း (ရန်ကုန်)သည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂)လမ်းနှင့် အမှတ် (၇) မြို့ပတ်လမ်းဆုံမှ သရက်ပင်ချောင်း ရွာသွားလမ်းရှိ မြေဧရိယာ ၁၇၁ ဧကတွင် ဆောင်ရွက်လျက်ရှိပြီး ပထမအဆင့်အဖြစ် အဆောက်အဦ ၁၉၄ လုံး၊ အခန်း ၃၁၀၄ ခန်းကို ဆောက်လုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) တို့မှ အဆောက်အဦ ၉၇ လုံးစီ ခွဲဝေဆောက်လုပ်လျက်ရှိရာ ယခုအခါ (၄၈) ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်းနှင့် အဆောက်အဦ ပြီးစီးသည်နှင့် ပြည်သူများ အဆင်သင့်နေထိုင်နိုင်ရေးအတွက် လမ်း၊ ရေ၊ လျှပ်စစ်မီးစသည့် အခြေခံအဆောက်အအုံ လိုအပ်ချက်များနှင့် စိမ်းလန်း မြေနေရာများအား တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂) လမ်းနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ဘုရင့်နောင်လမ်းအကြား အမှတ်(၇)လမ်းမကြီး အကျယ် ၄၆ ပေ (၄)လမ်းသွား ရရှိအောင် တိုးချဲ့ ကွန်ကရိခင်းကျင်းနေမှု၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ဘုရင့်နောင်လမ်း ဝဲ/ယာနှစ်ဖက် တိုးချဲ့၍ ထု ၁၁ လက်မကွန်ကရိခင်းကျင်းပြီးစီးမှုနှင့် အမှတ်  (၇) (မြို့ပတ်)လမ်းဆုံမှ လေးထောင့်ကန် ရပ်ကွက်အထိ (၄) လမ်းသွား တိုးချဲ့၍ ကွန်ကရိခင်း ကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထိုမှတဆင့် ဘုရင့်နောင်လမ်းနှင့် အမှတ်(၂)လမ်းဆုံ လမ်းဆုံတြိဂံကျွန်းတွင် မြေယာရှုခင်းများ ဆောင်ရွက်ရေး၊ (၄)လမ်းသွား လမ်းမှ (၆)လမ်းသွားလမ်းပေါ် ဆက်သွယ်သည့် နေရာဖြစ်၍ ယာဉ်များ ဝင်ထွက်လမ်း ကောင်းမွန်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်ထောင်စုလမ်းရှိ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ကွန်ကရိဖျော်စက်သို့ သွားရောက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)