ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ်နေကြာသီးညှပ် (၅၀)ဧက စံပြစိုက်ကွက်များအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ်နေကြာသီးညှပ် (၅၀)ဧက စံပြစိုက်ကွက်များအား ကြည့်ရှုစစ်ဆေး


MNP - ဇန်နဝါရီ    ၃၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က လက်ပံတန်းမြို့နယ်  နေကြာသီးညှပ်(၅၀)ဧက စံပြစိုက်ကွက်အား  ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေးသည့် စံပြကွက်နှင့်ပတ်သတ်၍ လက်ပံတန်းစိုက်ပျိုးရေး ဦးစီးဌာနမြို့နယ် ဦးစီးမှူးဦးဉာဏ်မြင့်က ရှင်းလင်းတင်ပြရာ ရန်ကုန်-ပြည် ကားလမ်းဘေး ကွမ်းခြံကျေးရွာအုပ်စုမှ တောင်သူဦးခင်မောင်ဝင်းပါ တောင်သူ(၁၃)ဦး၏ ဆောင်းသီးနှံ မတ်ပဲကြားတွင် နေကြာသီးညှပ် စမ်းသပ်ကွက်အဖြစ် (၅၀)ဧကစိုက်ပျိုးထားရှိပြီး   တစ်မြို့နယ် လုံးတွင် နေကြာသီးညှပ် ဧက(၄၀၀) စိုက်ပျိုးထားရှိကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက်ဝန်ကြီးချုပ်က ဆောင်းသီးနှံမတ်ပဲစိုက်ခင်းကြားတွင် နေကြာသီးညှပ် စိုက်ပျိုးခြင်းဖြင့် တောင်သူများအနေဖြင့် အပိုဝင်ငွေရရှိပြီး မိသားစု၊ တစ်အိမ်ထောင် ဆီစားသုံးမှုဖူလုံမှု ရရှိစေကြောင်း၊ မတ်ပဲသီးနှံများရိတ်သိမ်းပြီးပါက သဘာဝသစ်စိမ်း မြေဩဇာများရရှိနိုင်သဖြင့် အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း လမ်းညွန်မှာကြားခဲ့ကြောင်းသိရသည်။

သတင်း - ဝင့်နန္ဒာဌေး 

https://t.me/MyanmarNationalPost

www.mnpnewsagency.

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)