မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ရုရှားနိုင်ငံမှထုတ်လုပ်သော Sputnik light ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ရုရှားနိုင်ငံမှထုတ်လုပ်သော Sputnik light ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး


MNP - ဇန်နဝါရီ    ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းစေရေး အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကာကွယ် ဆေးလုံးဝမထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ရုရှားနိုင်ငံမှ ထုတ်လုပ်သော Sputnik light ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်များမှအပ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားလုံးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး တစ်ကြိမ်သာ ထိုးနှံရမည့် ကာကွယ်ဆေးဖြစ်သည်။

ထိုသို့ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန်လာ ရောက်ကြသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့များ၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီးရာတွင်လည်း မိနစ်(၃၀) အကြာ စောင့်ကြည့်ပြီးမှ ပြန်လည် ထွက်ခွာခွင့်ပြုကြောင်းသိရသည်။

အဆိုပါ Sputnik light ကာကွယ်ဆေးကို ယမန်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကုန်းတလဘောင် ရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးဝန်း၊ ထောက်ကြန့် ကိုဗစ်စင်တာတို့တွင် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူစုစုပေါင်း (၅၁၅၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံမှထုတ်လုပ်သော Sputnik light ကာကွယ်ဆေးကို ရပ်ကွက်၊ ကျေးရွာများအလိုက် နေ့စဉ်ထိုးနှံ ပေးသွားမည်ဖြစ်၍ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများသည် မိမိတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားစာရင်းပေးသွင်းရမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သတင်း - သန္တာ

https://t.me/MyanmarNationalPost

www.mnpnewsagency.

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)