မယ်စဲ့မြို့နယ်တွင် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မယ်စဲ့မြို့နယ်တွင် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး


MNP - ဇန်နဝါရီ     ၃၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဆေးထိုးရန် အကျုံးဝင်သည့် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အထက်တန်း သူနာပြုဆရာမ ဒေါ်မေလေးသန်းနှင့် ကျန်းမားရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ပြီးမှသာ တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးနှံရသေးသည့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ကာကွယ် ဆေးကို စနစ်တကျ ထိုးနှံပေးခဲ့သည်။

မယ်စဲ့မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် လျာထားဦးရေ ၄၂၄၆ ဦးရှိပြီး ပထမအကြိမ် အဖြစ် ၂၂၆၅ ဦး၊ ဒုတိယအကြိမ်အဖြစ် ၂၀၃၆ ဦး ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ၁၉၈၁ ဦး ကျန်ရှိကာ ယနေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်

ဆက်လက်၍ မယ်စဲ့မြို့နယ်၌ ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ ပညာရေး၊ အသက် (၅၀)နှစ်နှင့်အထက် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများ၊ အခြားနိုင်ငံဝန်ထမ်းများအား အပိုဆောင်းကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးရန် လျာထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သတင်း - ဝတ်ရည်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)