ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် ကျန်းမာ‌ရေးဝန်ထမ်းများအား ထပ်ဆောင်းပြန်လည်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် ကျန်းမာ‌ရေးဝန်ထမ်းများအား ထပ်ဆောင်းပြန်လည်ထိုးနှံပေး


MNP - ဇန်နဝါရီ    ၃၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများအား အဆိုပါရောဂါကာကွယ်ဆေး ထပ်ဆောင်းပြန်လည်ထိုးနှံပေးခြင်းကို  ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးလျှက်ရှိ ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopherm ဆေးအား ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ် ဆေးတစ်လုံးလျှင် ဝန်ထမ်း ၅ ဦးနှုန်းဖြင့်ထိုးနှံပေးလျက်ရှိကာ ဆေးထိုးနှိုး ခြင်းမပြုမီ ဝန်ထမ်းများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်စစ်ဆေးပေးခြင်း နှင့် ပုံမှန်အခြေအနေရှိသူများကိုသာ ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။ ယင်းနောက် ဆေးထိုးပြီးသူများအား မိနစ် ၃၀ ကြာစောင့်ကြည့်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဲဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်ထိုးနှံကြမည့် စာရင်းရှိကျန်းမာရေးဝန်ထမ်း ၃၆၂ ဦးရှိပြီး  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန စသည့်ဌာနများမှ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်မှအပ ကျန်ရှိသည့်ဝန်ထမ်းများကို လမ်းညွှန်ချက်များနှင့်အညီ စုရပ်တစ်ခု၌ သတ်မှတ်နေရာများခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)