‌ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက် အောင်မေတ္တာလမ်းအား ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ စတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

‌ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက် အောင်မေတ္တာလမ်းအား ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်

 



ကျောက်ဆည်၊ ဇန်နဝါရီ    ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက် အောင်မေတ္တာလမ်းအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူကာ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင်ပြုရန်ပုံငွေဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို ခွင့်ပြုရန်ပုံငွေကျပ်(၅.၆၇၉)သန်း အကုန်အကျခံကာ အရှည်(၄၉၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မအမြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပြီး အဆိုပါ လုပ်ငန်းများပြီးစီးသွားပါက အိမ်ခြေ(၁၂၂၂)အိမ်၊ လူဦးရေ(၅၆၄၇)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့တွင် ပိုမိုအဆင်ပြေ သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေး အဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာ လှပေစေရးအတွက် မြို့တွင်း လမ်း/တံတားများ ပြုပြင်ဆောက်လုပ်ပေးခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး အမှိုက်များ ဖယ်ရှားပေးခြင်း၊ လမ်းဘေးဝဲ/ယာများတွင် ပန်းအလှပင်များ၊ အရိပ်ရအပင်များ စိုက်ပျိုး ပေးခြင်းနှင့် ခြုံနွယ်ပေါင်းမြက်များအား ရှင်းလင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - သက်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)