ကျောက်ဆည်မြို့နယ် အင်ဒိုင်းကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် အင်ဒိုင်းကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေ



ကျောက်ဆည်၊ ဇန်နဝါရီ   ၁       

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများအား အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီက အင်ဒိုင်းကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ထားရွှေနှင့်ဝန်ထမ်းမျာက အသက်(၁၀)နှစ်မှ (၁၆)နှစ်အတွင်းရှိ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၃)ဦး၊ အသက်(၁၆)နှစ်မှ (၁၈)အတွင်းရှိ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၁၁)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁၅)ဦး စုစုပေါင်း(၄၆)ဦးအား နိုငငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၇)အုပ်စု၊ ကျေးရွာပေါင်း (၂၁၇)ရွာရှိပြီး ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများနှင့် အိမ်ထောင်စုစာရင်း မရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီ:ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ အသက်(၁၈)အောက် (၅၈၃)ဦးနှင့် အသက်(၁၈)အထက် (၃၁၂၂)ဦး စုစုပေါင်း (၃၇၀၅)ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရှိရသည်

သတင်း - သက်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)