(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို တိုင်းဒေသကြီးအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို တိုင်းဒေသကြီးအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ


 ရန်ကုန်၊ ဇန်နဝါရီ ၁

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးဌာနက ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအဆင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီ ခွဲတွင် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းအလုံ၊ သီရိရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆိုင်ရာ စည်းကမ်းချက်၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းတိုင်းဒေကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် ဖျော်ဖြေသီဆိုကြပြီး အမှတ်(၂) အခြေခံပညာအထက်ကျောင်း စမ်းချောင်းမှ ကျောင်းသား၊ ကျောင်းသူများက ”ဗိုလ်ရှု့သဘင်” သီချင်းဖြင့် ကပြ ဖျော်ဖြေကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုးက အမှာစကားပြောကြားရာတွင် ဒီနေ့ဟာ ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအတွက် ဂုဏ်ယူရမယ့် နေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်းတစ်ရာကျော် ဆုံးရှုးခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြန်လည်ရရှိခဲ့တဲ့ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပပြီး မျိုးချစ်စိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်ကို ပြန်လည်ဖော်ထုတ်နိုင်လို့ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုသားအချင်းချင်း စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အချာအာဏာ ထာဝစဉ်တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူပေါင်းလက်တွဲ ကာကွယ်စောင့်ရှောက်နိုင်မှာ ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲများမှတစ်ဆင့် ကျောင်းသား၊ လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးနှင့် နိုင်ငံတော်က အားထားရမည့် ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးကို အထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊ (၂၁)ရာစုဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံသားကောင်းရတနာများ မွေးထုတ်ပေးခြင်း ဖြစ်ပါကြောင်း၊ ဆုရကျောင်းသား၊ ကျောင်းသူများကလည်း နိုင်ငံတော်က အားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားအားထုတ်စေချင်ပါကြောင်းပြောကြားသွားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဆုရရှိသူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးအဖွဲ့ဝင် ဝန်ကြီးများက စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီသီ ပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်သူများက ”ပြည်ထောင်စုရဲ့ ထာဝရအလှ” သီချင်းဖြင့်လည်းကောင်း၊ ”ဇာတိမာန်” သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသော တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ပြသထားသော ဆုရကျောင်းသား၊ ကျောင်းများ၏ စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီများကို လှည့်လည်ကြည့်ရှု့ လေ့လာခဲ့ကြကြောင်း သိရှိရသည်။


သတင်း - အောင်မြင့်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)