နန်းမွေစံကို ထောင်ဒဏ်ချမှတ်ပြီးဖြစ်သော်လည်း သင်ဇာဝင့်ကျော်ကို အမှုစစ်ဆဲဟုသိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နန်းမွေစံကို ထောင်ဒဏ်ချမှတ်ပြီးဖြစ်သော်လည်း သင်ဇာဝင့်ကျော်ကို အမှုစစ်ဆဲဟုသိရ


MNP ၊ စက်တင်ဘာ ၂၇

ပြည်ပမှ အခကျေးငွေယူ၍ ပြသသော website များတွင် sexy ဓာတ်ပုံ၊ ရုပ်သံများ ပေးပို့ဖော်ပြ၍ မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခဲ့သော နန်းမွေစံနှင့် သင်ဇာဝင့်ကျော် တို့အား အီလက်ထရောနစ်အက်ဥပဒေပုဒ်မ ၃၃ ဖြင့် တရားစွဲဆိုခံထားရာ နန်းမွေစံကို ထောင်ဒဏ် ၆နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

"နန်းမွေစံကို ထောင်ဒဏ်ချမှတ်လိုက်တာ မှန်ပါတယ်။ မြောက်ဒဂုံက စစ်အုပ်ချုပ်ရေးဆိုတော့ စစ်ခုံရုံးနဲ့စစ်တာမို့ အမိန့်ချတာမြန်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ မရမ်းကုန်းမြိုနယ်တရားရုံးမှာ အရပ်ဘက်တရားစီရင်ရေးနဲ့ ၂၁ ရက်ကမှ စွဲချက်တင်တာဆိုတော့ အမိန့်ချမှတ်တဲ့ အဆင့်အထိမရောက်သေးပါဘူး။" ဟု တရားရေးဝန်ထမ်းတစ်ဦး၏ ပြောကြားမှုအပေါ် MON သတင်းတွင် ရေးသားဖော်ပြထားသည်။

Sexy Model အဖြစ် အဖော်အချွတ်ပုံများ ပြသသူ နန်းမွေစံသည် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများနှင့် ပူးပေါင်း၍ ခိုးဝင်ဘင်္ဂလီများကို လူမျိုးလိမ်အမည် သုံးစွဲ ပြောဆိုပြီး လူမျိုးသုဉ်းသတ်ဖြတ်ခဲ့ကြောင်း၊ ဆန္ဒပြလူငယ်များကိုလည်း ရက်စက်စွာ သတ်ဖြတ်နေကြောင်း R2P ဝင်ရန် လုပ်ကြံဖန်တီး ပြောဆိုသည့် ရုပ်သံကို အင်္ဂလိပ်ဘာသာဖြင့် ပြောဆို ဖြန့်ဝေခဲ့ဖူးသူ ဖြစ်သည်။ 


(ဆက်စပ်သတင်း)

မြန်မာအမျိုးသမီးများစောင့်ထိန်းအပ်သော မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား လူမှုကွန်ရက်တွင် အခကြေးငွေရယူ၍ ဖြန့်ဝေခဲ့သူ သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့အား ဥပဒေအရ အမှုဖွင့်အရေးယူ


၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်

၁။ မြန်မာအမျိုးသမီးများ စောင့်ထိန်းအပ်သော မြန်မာ့ယဉ်ကျေးမှုကို ထိခိုက် စေသည့် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား လူမှုကွန်ရက်တွင် အခကြေးငွေ ရယူ၍ ဖြန့်ဝေလျက်ရှိသည့် သင်ဇာဝင့်ကျော်(ခ)သင်ဇာနှင့် နန်းမွေစံတို့နှင့် ပတ်သက်၍ သက်ဆိုင်ရာက စိစစ်ဖော်ထုတ်မှုများပြုလုပ်ခဲ့ပါသည်။

၂။ စိစစ်ဖော်ထုတ်ချက်များအရ သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ခန့်တွင် လိင်အသားပေးမော်ဒယ် ရှင်ယွန်းမြတ်၏ချိတ်ဆက်ပေးမှုဖြင့် အမေရိကန် နိုင်ငံတွင် နေထိုင်သည့် Mr. Rafal ဦးစီးလုပ်ကိုင်လျက်ရှိသော ညစ်ညမ်း Website ဖြစ်သည့် Exantria Website တွင် အခကြေးငွေရယူ၍ လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များအား တင်ရန် Thin Zar Wint Kyaw အမည်ဖြင့် အကောင့်ဖွင့်လှစ် ခဲ့ကြောင်း၊ သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှစတင်၍ ၎င်း Website တွင် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား အခကြေးငွေရယူ၍ Post တင်ခဲ့ကြောင်း၊ ရရှိသည့်အခကြေးငွေများအား Website မှ ၂၅ ရာခိုင်နှုန်းနှင့် Post တင်သူမှ ၇၅ ရာခိုင်နှုန်း ခွဲဝေရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

၃။ အလားတူ နန်းမွေစံသည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလခန့်တွင် အိန္ဒိယ နိုင်ငံထုတ်အလှကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ Mrs. Kumar ၏ ချိတ်ဆက်ပေးမှုအရ Exantria Website ပိုင်ရှင် Mr. Rafal နှင့် ရင်းနှီးခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစ၍ Mr. Rafal ဦးစီးလုပ်ကိုင်ဖွင့်လှစ်ပေးသည့် Onlyfans Website တွင် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား အခကြေးငွေ ရယူ၍ Post တင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ Mr. Rafal နှင့်ထပ်မံ ချိတ်ဆက်ခဲ့ပြီး Exantria Website သို့ လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များ ထပ်မံပေးပို့၍ Post တင်ခဲ့ကြောင်း၊ အဆိုပါ Website မှ ရရှိသည့် အခကြေးငွေ များအား Post တင်သူမှ ၇၀ ရာခိုင်နှုန်းနှင့် Website မှ ၃၀ ရာခိုင်နှုန်း ခွဲဝေရရှိ ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

၄။ စိစစ်ချက်များအရ Exantria Website သို့ လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယို ဖိုင်များအခကြေးငွေရယူကာ လူမှုကွန်ရက်၌ ဖော်ပြနေသူများတွင် သင်ဇာဝင့်ကျော် နှင့် နန်းမွေစံ တို့အပြင် အချို့သော လိင်အသားပေးမော်ဒယ်များလည်း ပါဝင်လုပ်ကိုင် လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

၅။ သို့ဖြစ်၍ မြန်မာအမျိုးသမီးများစောင့်ထိန်းလိုက်နာအပ်သော ဟိရိဩတ္တပ္ပ တရားကင်းမဲ့စွာဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေပြီး မြန်မာ အမျိုးသမီးများအား ကမ္ဘာ့အလယ်တွင် အထင်အမြင်သေးစေနိုင်သည့် လိင်အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များအား အခကြေးငွေရယူ၍ ဖြန့်ဝေခဲ့သူ သင်ဇာဝင့်ကျော်နှင့် နန်းမွေစံ တို့ (၂) ဦးကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ-၃၃(က) အရ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းနှင့် အလားတူ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးများ၏ အရှက်နှင့်ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည့် ကိစ္စရပ်မျိုး လုပ်ဆောင်လျက်ရှိသူများအား စိစစ်ဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)