တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုး စုစည်းနေထိုင်သည့် ပြည်ထောင်စုကြီးဖြစ်သည့်အတွက် စည်းစည်းလုံးလုံးဖြင့် အတူတကွ လက်တွဲနေထိုင်ကြရန် အလွန်အရေးကြီးပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုး စုစည်းနေထိုင်သည့် ပြည်ထောင်စုကြီးဖြစ်သည့်အတွက် စည်းစည်းလုံးလုံးဖြင့် အတူတကွ လက်တွဲနေထိုင်ကြရန် အလွန်အရေးကြီးပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ပြောကြား


MNP ၊ စက်တင်ဘာ ၂၇

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုး စုစည်းနေထိုင်သည့် ပြည်ထောင်စုကြီးဖြစ်သည့်အတွက် စည်းစည်းလုံးလုံးဖြင့် အတူတကွ လက်တွဲနေထိုင်ကြရန် အလွန်အရေးကြီးပါကြောင်း၊ စည်းလုံးညီညွတ်မှ တိုင်းပြည်အေးချမ်းမည်၊ တိုင်းပြည် အေးချမ်းမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာနနှင့် နီးနွယ်နေသည့် အဖွဲ့အစည်းများအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားရန် အလွန်အရေးကြီးပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကရင်စာပေ သင်ရိုး Grade1, 2, 3, Online Teaching ပြီးမြောက်ခြင်း၊ Grade-4 ပြုစုခြင်းနှင့် မြန်မာနိုင်ငံက ရင်တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များ အသင်းဖွဲ့စည်းခြင်း အခမ်းအနား တွင် အထက်ပါအတိုင်း ပြောကြားသည်။


ကရင်စာပေသင်ရိုး Grade1, 2, 3, Online Teaching ပြီးမြောက် ခြင်း၊ G4, ပြုစုခြင်းနှင့် မြန်မာနိုင်ငံ ကရင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။


အခမ်းအနားတွင် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် ဦးစောမာတင်လူသာတို့က အခမ်းအနားများကျင်းပရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြ ကြသည်။


ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ကရင်တိုင်းရင်းသားလုပ်ငန်းရှင်များက အထွေထွေ ဆွေးနွေးခဲ့ပြီး ကရင်စာပေသင်ရိုးဖြစ်မြောက်ရေးကော်မတီ၏ ဖွဲ့စည်းပုံပြင်ဆင်ခြင်းအား ကရင်စာပေသင်ရိုးဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး မန်းသန်းဝင်းဦးက လည်းကောင်း၊ စကောကရင်စာပေနှင့်နည်းပညာရှင် ဆရာမနော်သွယ်လာထူးက TOT Online Teaching ဆောင်ရွက်ခြင်း အဆင့်ဆင့်ကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ကြသည်။ ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြာသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က မိမိတို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားရေးရာကိစ္စရပ်များတွင် အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများထံ အခမ်းအနားဖြင့် တာဝန်ခွဲဝေအပ်နှင်းထားပြီးဖြစ် ပါကြောင်း၊ နိုင်ငံတော်၏ငြိမ်းချမ်းရေးသည် အလွန်အရေးကြီးလှပါကြောင်း၊ ရှမ်းပြည်နယ် သည် ငြိမ်းချမ်းသည့်အတွက် မိမိတို့ဝန်ကြီးဌာနမှ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၁)ဖြင့် ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာစင်တာကို ယခု ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနေပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရန်အတွက် မြေလွတ်၊ မြေလတ်၊ မြေရိုင်းများစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး မိမိတို့ ဝန်ကြီးဌာနက မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး Forum များလည်း စဉ်ဆက်မပြတ် ကျင်းပလျက်ရှိပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ကရင်တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်းနှင့် ကရင်စာပေသင်ရိုး Grade-1, 2, 3, TOT Online Teaching ပြီးမြောက်ခြင်းတို့ကို အသိအမှတ်ပြုလွှာများ ပေးအပ်သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ကရင်စာပေ သင်ရိုးညွှန်းတမ်းများ ပြုစုရေးဆွဲနိုင်ရန်အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်က မြန်မာနိုင်ငံ ကရင်တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များ အသင်းနှင့် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကို နှာခေါင်းစည်း(Mask)များ ထောက်ပံ့လှူဒါန်းသည်။ ထို့နောက် ကရင်တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များက အထွေထွေမေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)