မဲစာရင်းမှန်ကန်စွာ ပြုစုနိုင်ရေး ရွေးကောက်ပွဲ ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စာရင်းဇယားများ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဲစာရင်းမှန်ကန်စွာ ပြုစုနိုင်ရေး ရွေးကောက်ပွဲ ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စာရင်းဇယားများ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပြောကြား




MNP ၊ စက်တင်ဘာ ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးသို့ရောက်ရှိပြီး တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းစဉ် သည် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပြီး လူတစ်ဦးချင်းစီ၏ကိုယ်ရေးအချက်အ လက်များကို သတ်မှတ်ပုံစံများတွင် ပြည့်စုံမှန်ကန်စွာဖြည့်သွင်းကြရန် အရေးကြီးကြောင်း၊ ယင်းစာရင်းပုံစံ အချက်အလက်များအပေါ်မူတည်၍ ရွေးကောက်ပွဲများကျင်းပရာတွင် အဓိကကျသည့် မဲစာရင်းမှန်ကန်စွာပြုစုရေးလုပ်ငန်းစဉ်ကို ထိထိရောက်ရောက် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ မဲစာရင်းမှန်ကန်စွာ ပြုစုနိုင်ရေးအတွက် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မိမိတို့ဌာနမှ စာရင်းဇယားများ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်ဦးစီးမှူးရုံး၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းဖိုင်များ ထိန်းသိမ်းထားရှိမှု၊ မြို့နယ်ရုံးရှိ နိုင်-၄ မှတ်တမ်းများ ကွန်ပျူတာ များဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှုနှင့် ခရိုင်ရုံးဖွင့်လှစ်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့၊ အမှတ် ( ၃ )ရပ်ကွက်ရှိ မြေနေရာ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ခရိုင်ရုံးပါဝင်သော စုပေါင်းခရိုင်ရုံး ဆောက်လုပ်မည့်မြေနေရာသို့ ကြည့်ရှုစစ်ဆေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌ ရှမ်းပြည်နယ်ဦးစီးမှူးနှင့် တာဝန် ရှိသူများအား တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရွေးကောက်ပွဲကော်မရှင်မှ ပေးပို့သည့် မဲစာရင်းများနှင့် ဌာနရှိ အိမ်ထောင်စုလူဦးရေစာရင်းများနှင့် တိုက်ဆိုင်ကာ မဲစာရင်းမှန်ကန်ရေး ပြုစုဆောင် ရွက်ရေး၊ ဌာနမှ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ထုတ်ပြန်အသိပေးမှုအပေါ် စနစ်တကျ စိစစ်ဆောင်ရွက်ပေးရမည့်နည်းလမ်းနှင့် ဆက်လက်ဆောင်ရွက်ပေးရမည့် အစီအမံများ၊ မဲစာရင်း မှန်ကန်စွာပြုစုနိုင်ရေးအတွက် ဌာနအနေဖြင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့်အခြေအနေ၊ ဌာန၏ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အချင်းချင်း စာရင်းဇယားများ အပြန်အလှန် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့်အခြေအနေ၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်၍ ပြည်သူကို စေတနာ ရှေ့ထားကာ ထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်မှုနှင့် နိုင်-၄ မှတ်တမ်းပါ အချက်အလက်များ ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)