အောက်ခြေဝန်ထမ်းများကို ဦးစားပေးစဉ်းစားပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောက်ခြေဝန်ထမ်းများကို ဦးစားပေးစဉ်းစားပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ)


မြန်မာနေရှင်နယ်ပို့စ်မှ တစ်ဆင့် သက်ဆိုင်ရာလူကြီးမင်းများကို သိရှိစေလိုပါတယ်။ အောက်ခြေပညာရေးဝန်ထမ်းအနေနဲ့ တင်ပြအကူအညီတောင်းခံခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ လက်ရှိတာဝန်ကျနေတဲ့ကျောင်းက ယခင် Covid-19 မတိုင်ခင်အချိန် ပညာသင်နှစ်မှာ ရာထူးတိုးပြောင်းပါတဲ့ ဝန်ထမ်းများတယ်။ ယခုနိုင်ငံရေးအပြောင်းအလဲကာလမှာ CDM လုပ်တဲ့ဝန်ထမ်းတွေ ရှိပါတယ်။ 


ကျောင်းသားဦးရေ ဆရာဦးရေ မညီမျှတဲ့အတွက် ရွာခံလူငယ်တွေကို လုပ်အားပေးခေါ်ထားရပါတယ်။ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအရ ဝန်ထမ်းတွေကို ကျောင်းဝန်းအတွင်းမှာ နေထိုင်စေပြီး ကျောင်းဝန်းပြင်ပတွင် လုံခြုံရေးတာဝန်မယူဟု ပြောထားသော်လည်း အရပ်သား လုပ်အားပေးခေါ်ရတော့ လုံခြုံရေးအတွင်းစည်းပေါက်ပါတယ်။


(၆-၁-၂၀၂၂) ရက်နေ့ညက "စတိုက်ကတည်းက ဆုံးအောင်မတိုက်ဘဲ တာဝန်ကျေပြီလို့ထင်နေလား" ပုံ GZ 

ဆိုတဲ့ စာကို အဝတ်ဖြူပေါ် ဆေးနီနဲ့ရေးပြီး ကျောင်းရှေ့ဝင်ပေါက် ၂ပေါက်မှာ ချိတ်ဆွဲခြောက်လှန့်ခဲ့ပါတယ်။ 


ထို့ကြောင့် ဝန်ထမ်းအင်အား အမြန်ဖြည့်နိုင်ရန် ပညာရေးဌာနမှ ဝန်ထမ်းသစ်ခေါ်ဆိုသောအခါ အောက်ခြေရုံးဝန်ထမ်း Non-CDM တွေကို ငဲ့ညှာဦးစားပေးပါရန်၊ ရာထူးဝင်ခွင့် ဖြေဆိုသော်လည်း ဝန်ထမ်းဟောင်းတွေကို ဦးစားပေးမခံရတာ များနေပါတယ်။ ကျွန်မသည် ဖခင်စစ်မှုထမ်းဟောင်း (အငြိမ်းစား)၊ အမျိုးသားစစ်မှုထမ်း ဖြစ်ပါသော်လည်း တပ်မိသားစုဝင်တစ်ယောက်ရဲ့ အခွင့်အရေးများ မတောင်းခဲ့ဖူးပါ။ ယခု Non-CDM အောက်ခြေ ရုံးဝန်ထမ်းများကို ထက်၊ လယ်၊ မူ ဖြေဆိုခွင့်တွင် ဦးစားပေး စဉ်းစားပေးနိုင်ပါရန် နိုင်ငံတော်အကြီးအကဲများအား တင်ပြအပ်ပါတယ်။


တာဝန်သိ ပညာရေးဝန်ထမ်းတစ်ဦး

https://t.me/MyanmarNationalPost

www.mnpnewsagency.com


(မှတ်ချက် - ပညာရေးဝန်ထမ်းများအဖြစ် ဘွဲ့မရမီကတည်းက ဝင်ရောက် လုပ်ကိုင်နေကြသူများမှာ ဘွဲ့ရပြီးလျှင် မူ၊ လယ်၊ ထက် အဆင့်ဆင့်လျှောက်ထားခွင့်ရှိသည်ဟူသော မျှော်လင့်ချက်ဖြင့် အလုပ် လုပ်ကိုင်နေကြသော်လည်း ထိုသို့သော ဝန်ထမ်းများကို ပညာရေးရာထူးတိုး စီစဉ်ဆောင်ရွက်ပေးခြင်း မရှိကြောင်း မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်ပြောဆိုလာကြပါတယ်။ ပညာရေး တာဝန်ရှိသူများအနေဖြင့် မိမိတို့ ချမှတ်ထားသော အစီအစဉ်များအတိုင်း ဝန်ထမ်းများ နစ်နာမှု မရှိစေရေး အလေးထား ဆောင်ရွက်ပေးသင့်ပါသည်။ ဝန်ထမ်းများ ရာထူးတိုး၊ ပြောင်းရွှေ့ ကိစ္စများတွင်လည်း ရေပွက်ပမာ အားလုံးတပြေးညီ ဆောင်ရွက်ပေးခြင်း မဟုတ်ကြောင်းလည်း စိတ်မချမ်းမြေ့ဖွယ် ကြားသိရပါသည်။ ထို့ထက် ပို၍ နိုင်ငံရေးဆူပူအကြမ်းဖက်ကာလ အသက်အန္တရာယ်ကြောင့် ပြောင်းရွှေ့တင်ထားပြီး ပြောင်းရွှေ့ကျထားပြီး တပ်မတော်သား မိသားစုဝင် ဆရာမတချို့ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရမည့် နေရာတွင် လုပ်ငန်းခွင့် မဝင်နိုင်အောင် လုပ်ဆောင်ထားသည်အထိ ပညာရေးလောကမှ အကြမ်းဖက်အားပေး စီမံခန့်ခွဲသူများ၏ လုပ်ရပ်များကို စိတ်မချမ်းမြေ့ ကြားသိနေရပါသဖြင့် နိုင်ငံတော်အကြီးအကဲများအနေဖြင့် လိုအပ်သလို စုံစမ်းဖော်ထုတ် စိစစ် ဆောင်ရွက်နိုင်ပါရန် မြန်မာနေရှင်နယ်ပို့စ်အနေဖြင့် ဖြည့်စွက်တင်ပြပါသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)