MNP - ဇန်နဝါရီ ၃၁
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် မြို့မ(၂)ရပ်ကွက်နှင့် မြို့မ(၃)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ထောက်ပံ့ငွေများကို အဘိုး၊ အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးအဘိုး အဘွား (၃၄)ဦးတို့အတွက် နိုင်ငံတော်မှ တစ်လလျှင်ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပြီး အတွင်းကျေးရွာရှိ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၃၄) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၂၀၀၀၀) ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment