မိုးညှင်းမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ဆွမ်းဆန်တော်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ဆွမ်းဆန်တော်လှူဒါန်း


MNP - ဇန်နဝါရီ    ၃၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ဆွမ်းဆန်တော်လှူဒါန်းခြင်းကို ယနေ့နံနက်(၁၁)နာရီခွဲတွင် ပညာရောင်ခြည် ပရိယတ္တိစာသင်တိုက်၌ လှူဒါန်းခဲ့သည်။‌

ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန မိုးညှင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်ဦးဆောင်သည့် အဖွဲ့ဝင်များက မိုးညှင်းမြို့၊ ဟဲလုံကျေးရွာအုပ်စု၊ ပျော်ဘွယ်ကျေးရွာရှိ ပညာရောင်ခြည်ပရိယတ္တိစာသင်တိုက်၌ သံဃာတော်(၄၉)ပါးအတွက် ဆရာတော်အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဦးပညောဘာသထံ ဆွမ်းဆန်တော် (၁၂)အိတ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင္း - ဇွဲသူရအောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)