အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းသစ်များ၏ လုပ်ငန်းခွင်ဝင် သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းသစ်များ၏ လုပ်ငန်းခွင်ဝင် သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနား ကျင်းပ



MNP ၊ ဇန်နဝါရီ ၁၀

ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းသစ်များ၏ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌  ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများတွင် အတွေးသစ်၊ အမြင်သစ်များဖြင့် လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်မည့် အင်ဂျင်နီယာနှင့် အခြားဝန်ထမ်းသစ်များအတွက် ဌာန၏လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်  လုပ်ငန်းစဉ်များကို စနစ်တကျ သိရှိနားလည် နိုင်စေရန် ယခုသင်တန်းကို စီစဉ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း။


၂၀၂၂ ခုနှစ်တွင် မိမိဝန်ကြီးဌာနအနေဖြင့် ပထမဦးဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် အသစ်ခန့်ထားသည့် အင်ဂျင်နီယာဝန်ထမ်းများ၊ ငွေစာရင်း ဝန်ထမ်းများနှင့် အုပ်ချုပ်မှုဆိုင်ရာ ဝန်ထမ်းစုစုပေါင်း(၃၅၂)ဦးကို (Online) မှ ပို့ချသင်ကြားပေး မည်ဖြစ်ပါကြောင်း။


သင်တန်းသားများအနေဖြင့် နိုင်ငံ့ဝန်ထမ်းတာဝန်များကို စတင်ထမ်းဆောင်ရမည် ဖြစ်သည့် အတွက် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ အပြန်အလှန် လေးစားတတ်မှုစသည့် အလေ့အထကောင်း များကို မွေးမြူပြီး ဝန်ကြီးဌာန၏ ဦးတည်ချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက် ကြရန်လိုပါကြောင်း။


ယခု  အသစ်ခန့်အပ်သည့်  ဝန်ထမ်းများတွင်  တိုင်းရင်းသား   လူမျိုးပေါင်းစုံပါဝင်ပြီး၊  မွေးရပ်ဇာတိ များနှင့် အနီးစပ်ဆုံးဒေသများတွင် ပြန်လည်တာဝန်ထမ်းဆောင်ရမည် ဖြစ်သည့်အတွက် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကာယ၊ ဉာဏစွမ်းအားဖြင့် လုပ်ငန်းတာဝန်များကို  ကျေပွန်အောင် ထမ်းဆောင်ရန် အထူးမှာကြားလိုပါကြောင်း။


လုပ်ငန်းခွင်တွင် အခြေခံအဆောက်အဦများ အရည်အသွေးကောင်းမွန်ပြီး ရေရှည်တည်တံ့ ခိုင်မြဲသော လမ်း၊ တံတား၊ အဆောက်အဦများဖြစ်ရန်အတွက် QA/QC ကို အလေးထား ဆောင်ရွက်ကြစေ လိုကြောင်းပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး ခေတ္တတာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော်က သင်တန်းပို့ချ မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)