ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တောင်ကြီးတက္ကသိုလ်သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တောင်ကြီးတက္ကသိုလ်သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း





MNP - ဇန်နဝါရီ   ၁၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးတက္ကသိုလ်သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီ က တောင်ကြီးတက္ကသိုလ် ကျိုင်းတုံခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကျောင်းများ ပြန်လည်ဖွင့်ပြီဖြစ်၍ အားကစား ကဏ္ဍတွင် ပစ္စည်းများ လိုအပ်မည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကလည်း အားကစား ဆောင်ရွက်မှသာ တစ်ဖက်တွင်လည်း စာကိုကြိုးစားနိုင်မည် ဖြစ်ကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်သည်အတွက် ပြက္ခဒိန်နှစ်အလိုက် ကစားရမည့် အားကစားနည်းများ ပေါ်လာမည် ဖြစ်ကြောင်း၊ Outdoor Fitness Instrument ပစ္စည်းများကို ဆရာဆရာမများ အပါအဝင် ကျောင်သားကျောင်းသူများ သွားလာလွယ်ကူသည့် နေရာများတွင် လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးရန် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို လည်းကျေးဇူးတင်ရှိပါကြောင်း၊ ယခုလို ပူးပေါင်းဆောင်ရွက်မှသာ အနာဂတ်ကလေးသူငယ်များ အောင်မြင်စွာ မွေးထုတ်ပေးနိုင်မည် ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေးတွင် အနှောင့်အယှက်မဖြစ်အောင် အားကစားကဏ္ဍတွင်လည်း ကောင်းမွန်စွာ လေ့ကျင့်နိုင်ရန် သက်ဆိုင်ရာတက္ကသိုလ်မှဆရာ၊ ဆရာမ များက ပူးပေါင်းကာကွယ် စောင့်ရှောက်ပေးမှသာ လုပ်ငန်းများ အောင်မြင်နိုင်မှာ ဖြစ်ကြောင်း၊ အားလုံးက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ တောင်ကြီးတက္ကသိုလ်သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်ကိုယ်စား ဒုတိယပါမောက္ခချုပ် ဒေါက်တာကိုကိုနိုင်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးတက္ကသိုလ်သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းမှုတွင် Outdoor Fitness Instrument (၄)စုံ၊ ပိုက်ကျော်ခြင်းအခင်းပြား (၁)စုံ၊ ပိုက်ကျော်ခြင်းတိုင်စင် (၁)စုံ၊ ဘောလီဘောတိုင်စင် (၁)စင်၊ စားပွဲတင် တင်းနစ်ခု (၂)စုံ၊ ဘောလုံးအလုံး (၂၀)၊ ဘောလီဘောအလုံး (၂၀)၊ ပိုက်ကျော်ခြင်းအလုံး (၂၀) စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၁၄၀) ခန့် လှူဒါန်းပေးကြောင်း သိရှိရသည်။

သတင်း - မောင်မောင်သန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)