နိုင်ငံတော်စီမံကိန်းများတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် နစ်နာကြေးနှင့် လျော်ကြေးရထိုက်ခွင့်ရှိသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအား နစ်နာကြေးနှင့် လျော်ကြေးပေးချေနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံကိန်းများတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် နစ်နာကြေးနှင့် လျော်ကြေးရထိုက်ခွင့်ရှိသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအား နစ်နာကြေးနှင့် လျော်ကြေးပေးချေနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြောကြား


MNP ၊ ဇန်နဝါရီ ၁၁

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကို ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို၊ ရှမ်းပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဦးစွာ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံကိန်းများတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် နစ်နာကြေးနှင့် လျော်ကြေးရထိုက်ခွင့်ရှိသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအား နစ်နာကြေးနှင့် လျော်ကြေးပေးချေနိုင်ရေး၊ မြို့နယ်နှင့်ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲမှ အမြန်ဆုံးစိစစ်တွက်ချက်တင်ပြလာမှသာ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲမှ စိစစ်ထောက်ခံပြီး ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲသို တင်ပြနိုင်မှာဖြစ်သည့်အတွက် မြန်မြန်ဆန်ဆန် တင်ပြရန် လိုအပ်မှာဖြစ်၍ မှာကြားလိုကြောင်း၊ ရှမ်းပြည်နယ်အတွင်း မြေလွတ် မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသော အမှုတွဲများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဥပဒေနှင့်အညီ စီမံခန့်ခွဲသော မြေနှင့်လွတ်ကင်းသော ဧရိယာများကိုသာ စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစွာ ပေါကြွယ်ဝသည့်အတွက် ဒေသနှင့် ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ခွင့်ပြုပေးနေသည့်အတွက် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကြပြီး ဒေသနှင့် ကိုက်ညီမည့် ကော်ဖီ၊ လက်ဖက်၊ လိမ္မော်၊ မက္ကဒေးမီးယား စသည့် နှစ်ရှည်ပင်များနှင့် ဆီထွက်သီးနှံများကိုလည်း ထပ်မံတိုးချဲ့ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသွားသည်။


ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များကို ရှမ်းပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ အတွင်းရေးမှူး၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဝင်းက လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁) ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၁) ဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂) တင်ပြချက်များနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ အထွေထွေဆွေးနွေးကြကာ ပြည်နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ ဥက္ကဋ္ဌ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။ 


သတင်း - မောင်မောင်သန်း(တောင်ကြီး)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)