MNP - ဇန်နဝါရီ ၁၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိင်လင်မြို့နယ်၊ လွိင်လင်-တောင်ကီးသွားကားလမ်း၊ ဟိုတင့်ကျေးရွာအနီး၌ လွိင်လင်မှ တောင်ကြီးဘက်သို့ မြင့်စိုး မောင်းနှင်ပြီး ကျော်စိုင်း(ခ)အားကျုံး လိုက်ပါလာသည့် ISUZU ၁၂ ဘီးမော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၃၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ ည ၇ နာရီအချိန်ခန့်တွင် လွိင်လင်-တောင်ကြီးသွားကားလမ်း၊ ချိုခမ်းကျေးရွာနှင့် မိုင်းပွန်ကျေးရွာကြား၌ သက်ဇူး မောင်းနှင်ပြီး ဇေခေါင် လိုက်ပါလာသည့် ISUZU ၁၂ ဘီး မော်တော်ယာဉ်အား ဆက်လက်ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀၃ ကီလို ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ည ၈ နာရီအချိန်ခန့်တွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ကိုအောင်(ခ)နော်တောင် နှင့် မာလ(ခ)ရှရွယ် တိုအား လွိင်လင်မြို့အဝင် တိုးဂိတ်အနီး၌ HIJET မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁,၂၃၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား တန့်ယန်းမြို့နယ်၊ မိုင်းကောင်မှ တောင်ကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို ၆ ဦးအား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြချက်အရသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment