တာချီလိတ်မြို့ပေါက်ကွဲမှုရာ အရပ်သားပြည်သူ အမျိုးသမီးနှစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦးတို့ ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့ပေါက်ကွဲမှုရာ အရပ်သားပြည်သူ အမျိုးသမီးနှစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦးတို့ ဒဏ်ရာရရှိ




MNP - ဇန်နဝါရီ  ၁၁ 

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါ်သဇင်လမ်းသွယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဇန်နဝါရီ ၁၀ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်က ပေါက်ကွဲမှုတွင် အရပ်သားပြည်သူ အမျိုးသမီးနှစ်ဦးနှင့် မိန်းကလေးငယ် တစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမဘက်မှ ဂေါ်သဇင်လမ်းသွယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဘက်သို အမျိုးသား(စိစစ်ဆဲ) နှစ်ဦးသည် 125 အမျိုးအစား ဆိုင်ကယ် အနက်ရောင်ဖြင့် ရောက်ရှိလာပြီး (91)လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သဖြင့် လ.ဝ.က ရုံး ခြံဝင်းအတွင်း ရုံးရှေ့၌ ကျရောက်၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဦးစီးတပ်ဖွဲဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဦးစီးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မိုင်းကွဲအစများအား ရှာဖွေတွေ့ရှိခဲ့ပြီး ပေါက်ကွဲမှုကြောင့်  ရုံးအနီးရပ်ထားသော Honda CRV  အမျိုးအစား မော်တော်ယာဉ်တွင် နောက်မှန်၊ ရုံးအဆောက်အအုံ နံရံနှင့် ပြုတင်းပေါက်မှန်များ ထိမှန်ပျက်စီးခဲ့ကြောင်း၊ ဒေါ်စန္ဒာဦး (၄၉)နှစ်တွင် ဝဲဘက်ခြေဖမိုး၊ ခြေသွယ်ကြား၊ ယာဒူး၊ ယာနိုအုံ ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ မနှင်းငယ်ငယ်အောင် (၂၄)နှစ်တွင် ဝဲဘက်ပေါင်၊ နှာခေါင်း၊ ဝဲရင်ဘတ် ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)နှင့် မနန်းယွန်းဟေမာန်အောင် (၄)နှစ်ခွဲတွင် ဝဲဘက်နားထင်၊ ဝဲဘက်ပခုံး ပေါက်ပြဲထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

ဒဏ်ရာရရှိသူများအား တာချီလိတ်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေးလျက်ရှိပြီး အဆိုပါ လက်ပစ်ဗုံး ပစ်ပေါက်သွားသူအား ပူးပေါင်းအဖွဲ့မှ လိုက်လံရှာဖွေ ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)