ဘူးသီးတောင်မြို့နယ်၌ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကြိုတင်ကာကွယ်ရေးနှာခေါင်းစည်း(Mask)များ(အခမဲ့)ဖြန့်ဝေခြင်း၊ယာဉ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်၌ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကြိုတင်ကာကွယ်ရေးနှာခေါင်းစည်း(Mask)များ(အခမဲ့)ဖြန့်ဝေခြင်း၊ယာဉ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်






 

MNP ၊ ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျန်အေးနှင့်အဖွဲ့ဝင်များဦးဆောင်၍ဌာနဆိုင်ရာအကြီးအကဲများပူးပေါင်းကာမြို့မစည်ပင်သာယာဈေးရှေ့၊နတ်ပင်ရင်းခွဆုံ၊အနောက်ကွင်းဈေးတို့၌ယနေ့နံနက်(၈)နာရီအချိန်ကလမ်းသွားလမ်းလာပြည်သူများနှင့် မြို့မစည်ပင်သာယာဈေးသို့ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက်အသိပညာပေးခြင်း၊နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့သည်။

 ထိုသို့ဆောင်ရွက်ရာတွင် လမ်းသွား/လမ်းလာပြည်သူများနှင့် ဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အတွက် နေအိမ်ပြင်ပသို့ထွက်ခွာသွားလာရာတွင်နှာခေါင်းစည်း (Mask)မဖြစ်မနေ တပ်ဆင်ကြရန် အသိ ပညာပေးပြောကြားခြင်းနှင့်ယာဉ်မောင်းသူများအားယာဉ်အန္တရာယ်ကင်းရှင်းစေရေးအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး Mask(၂၀၀၀)

 ( အခမဲ့)ဖြန့်ဝေပေးခြင်း၊ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ကာမြို့နယ်ကြက်ခြေနီအသင်းမှမိသားစုပြန်လည်ဆက်သွယ်ပေးရေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ Maskများ(အခမဲ့)ဖြန့်ဝေခြင်းအသိပညာပေးဟောပြောခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ၊ကြက်ခြေနီလှုပ်ရှာမှုအဖွဲ့များ၊သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

 

သတင်း - လှကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)