ညောင်လေးပင်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းများ ဆောင်ရွက်

 


MNP - ဇန်နဝါရီ    ၁၁

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက် နံနက် ၉ နာရီအချိန်မှစ၍ အသက် (၁၈)နှစ်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အသက်(၁၈) နှစ်နှင့်အထက် ကိုဗသ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူများအား ညောင်လေးပင်မြို့ မြို့မ(၁)ရပ်ကွက်ရှိ မဟာတိလောကသယမ္ဘူဘုရားကြီး ဝန်းအတွင်း၌ ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ် ကြောင်း သိရသည်။

အဆိုကာကွယ်ဆေး ထိုးနှံပေးခြင်းအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ကျန်းမာရေးဝန်ထမ်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)