ဂျလာလာဘတ် ၊ အာဖဂန်နစ္စတန် ၊ ဇန်နဝါရီ ၁၁
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ် Lal Pur ခရိုင်၌ ဇန်နဝါရီ ၁၀ ရက်တွင် စာသင်ကျောင်းတစ်ကျောင်း၏ ပြင်ပ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ ကျောင်းသား ၄ ဦး သေဆုံးကာ အခြားသူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသည့် ခရိုင်အရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
“အခုထိတော့ နောက်ထပ်အသေးစိတ်အချက်အလက် မရရှိသေးပါဘူး ။ ဒါပေမယ့်အချက်အလက် ထပ်ပြီး ရဖို့ ကြိုးစားသွားမှာပါ။”ဟု အဆိုပါ ခရိုင်အရာရှိက ဖြည့်စွက်ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ခရိုင်လူငယ်ကောင်စီဥက္ကဋ္ဌ Nadir Muhmand က ယင်းပေါက်ကွဲမှုဖြစ်စဉ်သည် နေ့လည်ပိုင်း၌ ဖြစ်ပွားခဲ့ပြီး လက်တွန်းလှည်းနှင့်တွဲချည်ထားသော လက်လုပ်ဗုံးသည် Lal Pur ခရိုင် Warsak စာသင်ကျောင်းပြင်ပတွင် ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ကျောင်းသားတစ်ဒါဇင်ကျော် ထိခိုက်ခဲ့သည်ဟု ဆိုသည်။
မျက်မြင်တွေ့ရှိသူ Muhmand က ထိခိုက်ဒဏ်ရာရရှိသူများအား ခရိုင်အတွင်းရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။
တာလီဘန်လုံခြုံရေးတပ်ဖွဲ့များက ကြိုတင်သတိပေးမှုအစီအမံများအတွက် ပေါက်ကွဲမှုဖြစ်ပွားရာနေရာအား အစောင့်အကြပ်များဖြင့် ပိတ်ဆို့ဝန်းရံထားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားထားခြင်း မရှိပေ ။ အိုင်အက်စ်အဖွဲ့ နှင့် နှီးနွယ်သော စစ်သွေးကြွများက မကြာသေးမီလများအတွင်း နန်ဂါဟာပြည်နယ်၌ ဗုံးကွဲတိုက်ခိုက်မှုများစွာကို ပြုလုပ်ခဲ့သည်ဟု ပြောကြားထားသည်။
Ref - (ဆင်ဟွာ)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment