ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိ

 


MNP - ဇန်နဝါရီ    ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ် အထက်ပြည်သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက  အမှတ် (၁)အခြေခံ ပညာ အထက်တန်းကျောင်း ကရဝိက် ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကိုဗစ်‌-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး မြိုနယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ နှင့် လူမှုရေး အသင်းအဖွဲ့များက ကိုဗစ် - ၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဒေးဒရဲမြို့နယ်တွင်   အသက်(၁၈)နှစ် အထက် ကာကွယ်ဆေးထိုးနှံပြီးသူ(၃၀၂၃၅)ဦးနှင့် အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ (၆၃၆၆)ဦး၊ စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ (၉၁၆၂၅)ဦး  ထိုးနှံပေးပြီး ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။

သတင်း - အေဇာလင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)