MNP - ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိလျှော်ကုန်းကျေးရွာ၊ ပုလဲကူးမြောက ်ကျေးရွာနှင့်အနောက်စုကြီး ကျေးရွာများ၌ အမျိုးသားလျှပ်စစ်မီးရရှိရေး စီမံချက်(ဒုတိယ) အစီအစဉ်ဖြင့်ဆောင်ရွက်သော ကျေးရွာလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ ညနေပိုင်းက အဆိုပါကျေးရွာများ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် လျှော်ကုန်းကျေးရွာလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုလဲကူးမြောက် ကျေးရွာနှင့်အနောက်စုကြီး ကျေးရွာများတွင် ပြုလုပ်သောလျှပ်စစ်မီးလင်းရေး အခမ်းအနားများအား ဆက်လက် ဖွင့်လှစ်ပေးသည်။ ထို့နောက်ဝန်ကြီးချုပ်က ဖွင့်ပွဲဆိုင်းဘုတ်အားအမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ လျှပ်စစ်မီး စတင်ရရှိသည့် နေအိမ်များမှမိသားစုဝင်များနှင့်ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံခဲ့သည်။
ယခုအခါတွင် ကန်ကြီးထောင့်မြို့နယ်၊လျှော်ကုန်းကျေးရွာရှိအိမ်ခြေ ၁၁ဝ အတွက် 100KVA ထရန်စဖော်မာတစ်လုံး၊ အနောက်စုကြီးကျေးရွာရှိ အိမ်ခြေ၁၀၆အိမ်အတွက် 100KVA ထရန်စဖော်မာတစ်လုံးနှင့် ပုလဲကူးမြောက် ကျေးရွာရှိအိမ်ခြေ၁၁၉ အိမ်အတွက် 50KVAထရန် စဖော်မာ တစ်လုံးတို့အားတပ်ဆင်ပေးထားကြောင်း သိရပြီး အဆိုပါကျေးရွာ များရှိ အိမ်ခြေ၃၀၀ကျော်မှာ နိုင်ငံတော်ဓာတ်အားစနစ် မှ၂၄နာရီကာလပတ်လုံး လျှပ်စစ်မီးများ စတင် အသုံးပြုနိုင်ပြီဖြစ်သည်။
သတင်း - လှမင်းထွဋ်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment