MNP - ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ဆဌမအသုတ်တွင် ကာကွယ်ဆေး ထိုးပြီးသူပေါင်း (၂၂၃၃) ဦး ရှိကြောင်း သိရှိရသည်။
ဆဌမအသုတ် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးရာတွင် သံဃာတော်(၁၁)ပါး၊ အစိုးရကျန်းမာရေး ဝန်ထမ်း (၁) ဦး၊ နိုင်ငံ့ဝန်ထမ်း(၃)ဦး၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်း(၄)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ကိုင်သူ (၁၃)ဦး၊ ဟိုတယ်/တည်းခိုခန်းလုပ်ကိုင်သူ(၁)ဦး၊ ပုဂ္ဂလိကပညာရေး လုပ်ငန်းလုပ်ကိုင်သူ(၁)ဦး၊ ဝင်ငွေရ လုပ်ငန်းလုပ်ကိုင်သူ (၁၈၈၈) ဦး၊ စားသောက်ဆိုင်နှင့် လက်ဖက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူ (၅) ဦး၊ ပြည်သူ (၃၀၇) ဦး စုစုပေါင်း (၂၂၃၃) ဦး ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကွယ်ဆေးများထိုးနှံရာတွင် ပြည်သူများ အဆင်ပြေစေရေးအတွက် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ဒွေးလှ၊ ရဲရွာ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် မြို့တော်ခန်းမတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ်များအဖြစ် နေရာခွဲပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သတင်း - သက်မောင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment