MNP - ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဇန်ဝါရီ(၁၀) ရက်နေ့အထိ (၁၀၄၀၁၈) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဒုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ(ပြည်သူ့ကျန်းမာ)၊ ပလိပ်တိုက်နယ်ဆေးရုံတွင် ဒေါက်တာသက်ကိုကိုလွင်(ရောဂါနှိမ်နှင်းရေး)၊ ကျောက်ဆည်တက္ကသိုလ်တွင် ဦးစော အေး (ကျန်းမာရေးမှူး)တို့က ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် Omicron အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်နှင့် ရော ဂါကူးစက်မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ပြည်သူများသိရှိလိုက်နာစေရန်၊ အသံချဲ့စက်များ၊HandSpaker များဖြင့် လှည့်လည်ပြီး အသိပညာပေးနှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း ပိုးသတ်ဆေးများဖြန်းပေးခြင်း၊ ဒေသန္တာရစည်းကမ်းချက်များ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဇန်နဝါရီ(၁၀)ရက်နေ့ထိ First Dose (၅၆၄၂၆) ဦးနှင့် Second Dose (၄၇၅၉၂) ဦးတို့အား ထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိသူများကိုလည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ညိုညိုဝင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment