MNP - ဇန်နဝါရီ ၁၁
မိတ္ထီလာမြို့နယ်၊ တပျော်ကျေးရွာအုပ်စု တမာပင်ကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများအတွက် သောက်သုံးရေအခက် အခဲကြုံတွေ့လျက်ရှိကြောင်းသိရ၍ ကမ်းလက်များ ပညာရေးနှင့်ကျန်းမာရေး ပရဟိတမိသားစုအဖွဲ့က ယမန်နေ့ တွင် သွားရောက်ပို့ဆောင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခြေခံပညာမူလတန်းကျောင်းတွင် တက်ရောက် ပညာသင်ယူလျက်ရှိသည့် ကျောင်းသား ကျောင်းသူများအတွက် သောက်သုံးရေရရှိရန် အခက်အခဲများ ကြုံတွေ့နေရ၍ လာရောက်လှူဒါန်းပေးရန် ဆက်သွယ်အကြောင်းကြားမှုကြောင့် ရေဂါလံ ၇၅ဝ ဆံ့ ရေကားတစ်စီးကို ကျေးရွာသို့ရောက်ရှိအောင် ကမ်းလက်များ ပညာရေးနှင့်ကျန်းမာရေး ပရဟိတမိသားစုအဖွဲ့ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များက ပို့ဆောင်လှူဒါန်းခဲ့ခြင်းဖြစ် သည်တမာပင်ကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် တက်ရောက်ပညာသင်ယူနေသူ ကျောင်းသား ကျောင်းသူ၅၁ ဦးနှင့် ပညာသင်ကြားပို့ချပေးသူ ဆရာဆရာမ ၆ ဦးရှိကြောင်းသိရသည်။ အဆိုပါ တမာပင်ကုန်းကျေးရွာသည် မိတ္ထီလာမြို့နယ်အတွင်းမြို့နယ်၏ အနောက်မြောက်ဘက်မိုင် ၃ဝ ခန့်အကွာတွင်တည်ရှိပြီး လမ်းပန်းဆက်သွယ် ရေးခက်ခဲပြီး သောက်သုံးရေ ရှားပါးမှုကို ကြုံတွေ့လျက်ရှိသော ကျေးရွာဖြစ်ကြောင်း သိရသည်။
သတင်း - ချမ်းသာ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment