ရှမ်းပြည်နယ်တောင်ပိုင်းရှိ နေရပ်စွန့်ခွာစခန်းများသို့ ထောက်ပံ့ရေးပစ္စည်းများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်တောင်ပိုင်းရှိ နေရပ်စွန့်ခွာစခန်းများသို့ ထောက်ပံ့ရေးပစ္စည်းများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ပေးအပ်








MNP ၊ ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနှင့် ဆီဆိုင်မြို့နယ်ရှိ နေရပ်စွန့်ခွာရေးစခန်းများသို့ ထောက်ပံံ့ရေးပစ္စည်းများအား ဇန်နဝါရီ ၂၈ရက်တွင် ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက သတင်းထုတ်ပြန်သည်။

ထောက်ပံ့မှုတွင်  အိမ်ထောင်စု(၅၄၆ စု)အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ(အရေးပေါ်) (၃၈၄)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည် သန့်ရှင်းရေး သုံးပစ္စည်း ( ၂၃၃)စုံ၊ နှာခေါင်းစည်း( ၃၂၉ )ဗူး၊ လက်သန့်စင်ဆေးရည် (၈၀၃ ) ဗူး၊ စောင် (၆၀၉)ထည်၊ ခြင်ထောင် (၅၇၈ )လုံး၊ ရေချိုးဆပ်ပြာ (၂၆၂)ခု၊ တာပေါ်လင်(၈၈)ခု၊ တစ်ကိုယ်ရေသန့်ရှင်းရေးအစုံ(၁၂၆)စုံ၊ ဆိုလာ မီးအိမ်(၁၄၀)၊ ဂျယ်ရီကန်(၁၃၉)ခု၊ ကြိုး (၄၃)ခွေ၊ ယာယီအိမ်သာပစ္စည်း(၂) ခု၊ သန့်ရှင်းရေးကိရိယာအစုံ(၂)စုံကိုပေးအပ်ခဲ့ကြပြီး စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေမြို့နယ်များရှိ နေရပ်စွန့်ခွာစခန်းများ၌ စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများနှင့်အတူ အသုံးအဆောင်ပစ္စည်းများအား ကူညီထောက်ပံ့လျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၂၅ရက်နှင့် ၂၆ရက်တွင် တောင်ကြီး၊ ညောင်ရွှေ၊ ဆီဆိုင်မြို့များမှ နေရပ်စွန့်ခွာစခန်းများသို့သွားရောက်ကူညီခဲ့ပြီး ဇန်နဝါရီ ၂၇ရက်တွင် ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်များရှိ နေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စု (၁၁၀ စု) အတွက်  တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ(အရေးပေါ်) (၁၉၉)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၁၇)စုံ၊ နှာခေါင်းစည်း(၁၀၁)ဗူး၊ လက်သန့်စင်ဆေးရည် (၁၄၂၉)ဗူး၊ စောင် (၉၁)ထည်၊ ခြင်ထောင် (၉၂)လုံး၊ ရေချိုးဆပ်ပြာ (၆၉)ခု ကို ထပ်မံသွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလနှောင်းပိုင်းက ကယားပြည်နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြည်သူများသည် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရောက်ရှိလာကြပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ ကြက်ခြေနီစေတနာလုပ်အားရှင်များက လိုအပ်သည့် အကူအညီအထောက်အပံ့များအား ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။


သတင်း - သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)