MNP - ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲက ဆဌမအသုတ် (ပထမ)အကြိမ်တွင် ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း (၈၈၇၉)ဦးရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးရာတွင် သံဃာတော်(၃၆)ပါး၊ အစိုးရကျန်းမာရေးဝန်ထမ်း (၃)ဦး၊ နိုင်ငံ့ဝန်ထမ်း(၃၉)ဦး၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်း(၃၂၁)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ကိုင်သူ (၂၉)ဦး၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူ(၃)ဦး၊ ပုဂ္ဂလိကပညာရေး ဝန်ထမ်း(၁)ဦး၊ အခြားဝင်ငွေရလုပ်ငန်းလုပ်ကိုင်သူ (၆၄၂၄)ဦး၊ ပြည်သူ(၁၆၆၇)ဦး၊ မသန်စွမ်းသူ(၂)ဦးနှင့် ကျောင်းသား/ ကျောင်းသူ(၃၅၄)ဦး စုစုပေါင်း(၈၈၇၉)ဦးဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွယ်ဆေးများထိုးနှံရာတွင် ပြည်သူများအဆင်ပြေစေရေး အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး ပြည်လုံးနိုင်ရပ်ကွက် မြို့တော်ခန်းမနှင့် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ် ပင်၊ ဒွေးလှ၊ ရဲရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲများတွင် ကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သတင်း - သက်မောင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment