( ၇၅ ) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

( ၇၅ ) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ


MNP - ဇန်နဝါရီ    ၃၁   

၂၀၂၂  ခုနှစ်၊  (၇၅) နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌဖလား  အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ( ၀၉:၀၀)နာရီက ပြင်ဦးလွင်မြို့နယ် အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ   မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများ ၊  ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ ၊   ပြိုင်ပွဲဝင်အသင်းများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည် ။

ရှေးဦးစွာ  ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးတင်အောင်လွင်မှ   ယနေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အားစားသမားများဟာ မိမိကျေးရွာ၊ မြို့၊ ခရိုင် ကိုယ်စားပြု ယှဉ်ပြိုင် နေကြတာဖြစ်ပြီး  နိုင်ငံတော်အနာဂတ်၏ အားကစားလောက ဖွံ့ဖြိုးတိုးတက်ရမည်ဆိုတဲ့  နိုင်ငံကိုအကျိုးပြုနိုင်မည့် အားကစားမောင်မယ်များ ပေါ်ထွက်လာအောင် ဒီလိုပြိုင်ပွဲကောင်းတွေ ကျင်းပနိုင်ရေး ၊ ပျော်ပျော်ရွှင်ရွှင်နှင့် တစ်ယောက်နှင့်တစ်ယောက်  အားကစားစံချိန်စံညွှန်းနှင့်အညီ စည်းကမ်းသာ အဓိကဆိုတဲ့ဟာကို ရင်ထဲမှာအပြည့်ထားပြီး  ပြိုင်ဆိုင်လိုစိတ်အပြည့်အဝနှင့် ပူးပေါင်းပါဝင်ယှဉ်ပြိုင်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပြီး အားကစားပစ္စည်းများ ဝယ်ယူ အသုံးပြုရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီးနောက်  ပြိုင်ပွဲဝင်အားကစားသမားများမှ   အားကစား သစ္စာအဓိဌာန်ရွတ်ဆိုခဲ့ကြသည် ။

၂၀၂၂-ခုနှစ် ၊ (၇၅) နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား  အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၈) သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ( ၃၁  - ၁ - ၂၀၂၂ ) မှ ( ၁၂ - ၂ - ၂၀၂၂ ) ရက်နေ့ထိ  နေ့စဉ် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး  ဆုရရှိသောအသင်းများကို ဆုများထိုက်တန်စွာ ချီးမြှင့်သွားမည် ဖြစ်ပကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည် ။   

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)